ကုန်သည်စက်မှုအသင်းချုပ်၏ စီမံခန့်ခွဲရေးကော်မတီအစည်းအဝေး ကျင်းပ

ရန်ကုန် ဇန်နဝါရီ  ၁၀

ကုန်သည်စက်မှုအသင်းချုပ်၏ စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေးကို ယမန်နေ့ တွင် Video Conferencing ဖြင့်ကျင်းပခဲ့ရာ အသင်းချုပ်ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းမှ အမှာစကားပြောကြားခဲ့ပြီး တက်ရောက်လာသည့် စီမံခန့်ခွဲ ရေးကော်မတီဝင်များမှ UMFCCI-UTCC Global MBA Offshore Program အွန်လိုင်းသင် တန်းဖွင့်လှစ်ရေး ဆိုင်ရာများ၊  ဆောင်ရွက်လျက်ရှိသည့် နေပြည်တော် အဆောက်အဦသစ်ဆောက်လုပ်ရေး လုပ်ငန်း၏ အခြေအနေများ၊ ကိုဗစ်-၁၉ ကာကွယ်ဆေး ဝယ်ယူရရှိနိုင်ရေးအတွက် ကုန်သည် စက်မှုအသင်းချုပ်၊ ညီနောင် အသင်းများ၊ အသင်းသူ အသင်းသားများ၊ လုပ်ငန်းရှင်များ ပါဝင်လှူဒါန်းနိုင်ရေး၊ ရှေ့ဆက် ဆောင်ရွက်ချက်များ၊ အသင်းချုပ်၏ ဘဏ္ဍာရေးကိစ္စရပ်များနှင့် အထွေထွေကိစ္စရပ်များအား ဆွေးနွေးခဲ့ကြသည်။

ထို့ပြင် ပုဂ္ဂလိက စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးတို့အတွက် အကြံပြုဆွေးနွေးခြင်းနှင့် သက်ဆိုင် ရာကဏ္ဍ အလိုက် ဆောင်ရွက်ဆဲကိစ္စရပ်များနှင့် ရှေ့ဆက်ဆောင်ရွက်မည့်ကိစ္စရပ်များကို တင်ပြဆွေး နွေးခဲ့ကြသည်။

အစည်းအဝေးသို့ အသင်းချုပ် ဥက္ကဋ္ဌဦးဇော်မင်းဝင်း၊ ဒုတိယဥက္ကဋ္ဌများဖြစ်ကြသော ဦးသိန်းဟန်၊ဒေါက်တာ မောင်မောင်လေး၊ ဦးဝေဖြိုး၊ ဦးသောင်းတင်၊ ဦးလှမောင်ရွှေ၊ ဒေါက်တာမျိုးသက်၊ဦးရဲမင်းအောင်၊ အထွေထွေ အတွင်းရေးမှူးချုပ် ဦးအေးဝင်းနှင့် တွဲဖက်အထွေထွေအတွင်းရေးမှူးများ၊ ဘဏ္ဍာရေးမှူး၊ တွဲဖက်ဘဏ္ဍာရေး မှူးများ၊ တွဲဖက်အကျိုးဆောင်စာရင်းစစ်တို့ တက်ရောက် ဆွေးနွေးခဲ့ကြသည်။

ကျော်ဆန်းမြင့်   (ပြန်/ဆက်)