သာယာဝတီ ဇန်နဝါရီ ၁၀
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး နော်ပွယ်စေးသည် ခရိုင်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့ နံနက် ၁၀ နာရီက ဒုခရိုင်အုပ်ချုပ်ရေးမှူး ဦးစောထွန်းဦး၊ ခရိုင်လက်ထောက်ညွှန်ကြားရေးမှူး ဦးသိန်းဇံ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထိန်လင်းထွန်း တို့နှင့် တွေ့ဆုံမှု ပြုလုပ်ခဲ့ရာ ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး နော်ပွယ်စေးက သာယာဝတီခရိုင်အတွင်းရှိ မြို့နယ်များ အလိုက် ကရင်နှစ်သစ်ပွဲတော်အား ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့် ကာလဖြစ်သည့်အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ညွှန်ကြားချက်နှင့်အညီ ဆောင်ရွက်နိုင်ရေး ခရိုင်/မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ ကြီးကြပ်ဆောင်ရွက်ပေးရန် ပြောကြားခဲ့ပြီး သာယာဝတီခရိုင် ၈ မြို့နယ်အတွက် ကရင်နှစ်သစ်ကူး ပွဲပြုလုပ်နိုင်ရေးအတွက် အလှူငွေ ကျပ်သိန်း ၁၀၀ အား ဒေါ်နော်ဖွယ်စေးမှ ထောက်ပံ့ပေအပ်ခဲ့ရာ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးထိန်လင်းထွန်းမှ လက်ခံရယူခဲ့သည်။
အဆိုပါ ငွေများကို တစ်မြို့နယ်လျှင် ၁၂သိန်း၅သောင်းကျပ်နှုန်း ခွဲဝေပေးရမည်ဖြစ်ကြောင်း သိရသည်။
သန့်ဇော် (သာယာဝတီ)