ရန်ကုန် သြဂုတ် ၅
ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်၊ အမှတ် (၁) ရပ်ကွက်၌ နှစ် (၆၀) မြေငှားဂရန်ရရှိရေး စာရွက် စာတမ်းများ စိစစ်ဆောင်ရွက်မှုများအား ယနေ့ နံနက် ၉:၀၀နာရီ အချိန်ကစတင်ဆောင်ရွက်ခဲ့ကြ ပါသည်။
အဆိုပါ နှစ်(၆၀) မြေငှား ဂရန်စာရွက်စာတမ်းများ စိစစ်ရေး ကိစ္စအား ရန်ကုန်မြို့တော်ခန်းမရှိ မြေယာစီမံခန့်ခွဲရေးအဖွဲ့မှ ဌာနခွဲမှူး ဗိုလ်ကြီးနေထက်အောင် ဦးဆောင်သည့်အဖွဲ့ဝင်များ၊ လှိုင်မြို့နယ်၊ အမှတ် (၁) ရပ်ကွက်အုပ်ချုပ်ရေးမှူး နှင့် အဖွဲ့ဝင်များ၊ မြို့နယ်မြေဂရန်ကော်မတီ ဦးမောင်မောင်နှင့် အဖွဲ့ဝင်များတို့က အပတ်စဉ်အင်္ဂါနေ့တိုင်း ပူးပေါင်း၍ လာရောက် ဆောင်ရွက်ပေးခဲ့ ကြပါသည်။
လှိုင်မြို့နယ်၊ အမှတ်(၁) ရပ်ကွက်အတွင်း မြေဌားဂရန်ရရှိရန် ဆောင်ရွက်လျက်ရှိသော အိမ်ပေါင်း (၇၀၀)ကျော်ရှိရာ ယခုလက်ရှိ တစ်ပတ်လျှင် တစ်ရက်လေးပတ်ကြာ လာရောက်ဆောင်ရွက်ပြီးချိန်တွင် အိမ်ခြေ(၃၅၀)ခန့်အတွက် နှစ် (၆၀) မြေဌားဂရန်အား အမှတ်(၁)ရပ်ကွက် ရတနာ့ဗိမာန်ဓမ္မာရုံ၌ ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ကြောင်း ကျန်ရှိသော အိမ်များအတွက် ဆက်လက်ဆောင်ရွက် ပေးသွားမည်ဖြစ် ကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးရဲဝင်းအောင်က ပြောကြားခဲ့သည်။
ကြည်ဇေသော် (ပြန်/ဆက်)