သဲကုန်း ဇန်နဝါရီ ၉
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၊အင်းမမြို့ မြို့မ စည်ပင်သာယာစျေးတွင် မြို့နယ် မီးသတ် ဦးစီးဌာန၏ ဦးဆောင်မှုဖြင့် အင်းမနယ်မြေ မီးသတ်စခန်းမှ သန္ဓေ/အရန် မီးသတ် တပ်ဖွဲ့ဝင်များ၊ စျေးကော်မတီ ဝင်များ ပူးပေါင်း၍ ယမန်နေ့က မီးဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေးအတွက် ဇာတ်တိုက် လေ့ကျင့် သရုပ်ပြခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရှိ ရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးရန်မျိုးအောင်က မီးသတ်ဆေးဘူးဖြင့် မီးငြိမ်းသတ်နည်း စနစ်အား ရှင်းလင်းပြောကြားခဲ့ပြီး လက်တွေ့သရုပ်ပြ ဆောင်ရွက်ခဲ့ကာ မီးသတ်ကားဖြင့် စျေးအတွင်း အရေးပေါ်မီးငြိမ်းသတ်နည်းအား လက်တွေ့သရုပ်ပြဆောင် ရွက်ခဲ့ သည်။
ထို့နောက် အဆိုပါအဖွဲ့သည် စျေးပတ်ဝန်းကျင်ရှိ စျေးဆိုင်များတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ် ရေးအတွက် ဆောင်ရွက်ထားရှိမှုအခြေအနေများအား ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြသည်။
ဆက်လက်ပြီး မြို့နယ်မီးသတ်ဦးစီးမှူး ဦးဆောင်သောအဖွဲ့သည် အင်းမနယ်မြေရဲစခန်း မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများကို ကွင်းဆင်း ကြည့်ရှု စစ်ဆေးခဲ့ ကြောင်း သိရှိရသည်။
နိုင်လင်း (သဲကုန်းပြန်/ဆက်)