ဝန်းသို ဇန်နဝါရီ ၁၀
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ် မြိုင်ဇေယျာကျေးရွာနှင့် ခပ်ချိုကျေးရွာတို့တွင် ကုန်ထုတ် လမ်းဖောက်လုပ်နေမှုနှင့် စက်ရေတွင်းတူးဖော်ခြင်းလုပ်ငန်း စတင် ဆောင်ရွက်နိုင် ရေးအတွက် ယနေ့ နံနက် ၉ နာရီအချိန်၌ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများက ကွင်းဆင်း စစ်ဆေးခဲ့ကြကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ယမုံကောင်းကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်နေသည့် မြိုင်ဇေယျာ ကျေးရွာတွင် ပြည်ထောင်စုဘတ်ဂျက် တင်ဒါအောင်မြင်ငွေ ငွေကျပ် (၂၆.၆၅) သန်းဖြင့် ကုန် ထုတ်လမ်း အရှည်ပေ (၅)ဖာလုံ၊ အကျယ် ၁၂ ပေ ၊ ထုမြေသား ၂ ပေ ၊ ဂျင်း ၆လက်မ လမ်းခင်း ခြင်းနှင့် ငွေကျပ် (၇.၆၅၉) သန်းဖြင့် ယင်းလမ်းပေါ်ရှိ ကွန်ကရစ်တံတား (၁) စင်း၊ Box Culvert (၂) စင်း၊ ၂ ပေခွဲ ရေပြွန် (၁) စင်း တည်ဆောက်ခြင်း လုပ်ငန်းကိုလည်းကောင်း၊ သိန်းသန်းရတီကုမ္ပဏီမှ တိုင်းဒေသကြီး ဘတ်ဂျက်တင်ဒါအောင် မြင်ငွေ စုစုပေါင်း ငွေကျပ် (၂၅.၅)သန်းဖြင့် မြိုင်ဇေယျာကျေးရွာနှင့် ခပ်ချိုကျေးရွာတို့တွင် ၄လက်မခွဲ စက်ရေတွင်းနှင့် ဆက်စပ်လုပ်ငန်းများ ဖြစ်သည့် ဂါလံ(၂၀၀၀)ဆံ့ရေကန်၊ အလျား ၁၀ပေ၊ အနံ(၈)ပေ၊ အမြင့် (၈)ပေရှိ ရေစက်ရုံတစ်ခုစီ တည်ဆောက်ခြင်းလုပ်ငန်း စတင်ဆောင်ရွက်နိုင်ရေးတို့ကိုလည်းကောင်း ကွင်း ဆင်းစစ်ဆေး ခဲ့ကြပြီး တာဝန်ရှိသူများက သတ်မှတ်စံချိန်စံညွန်းနှင့်အညီ အချိန်မီပြီးစီးအောင် ဆောင်ရွက် နိုင်ရေးကုမ္ပဏီမှ လုပ်ငန်းတာဝန်ခံများအား လမ်းညွှန်မှာကြားခဲ့သည်။
အဆိုပါ ကျေးရွာကုန်ထုတ်လမ်း ဖောက်လုပ်ပြီးစီးပါက ကျေးရွာပြည်သူများ၏ လယ်ယာ ထုတ်ကုန်/ ထွက်ကုန် သီးနှံများကို ဈေးကွက်သို့ အချိန်မီသယ်ယူပို့ဆောင်နိုင်မည့်အပြင် စက်ရေတွင်း တူးဖော်ခြင်း လုပ်ငန်း အောင်မြင်ပြီးစီးပါက ကျေးလက်နေပြည်သူများ သန့်ရှင်းသော သောက်သုံးရေကို ရာသီမရွေးရရှိသုံး စွဲနိုင် မည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဦးစီးမှူး ဦးမြတ်မျိုး ထွန်းထံမှ သိရသည်။
ကျော်မြိုင် (ပြန်/ဆက်)