ကျောက်ကြီးမြို့နယ်အတွင်းရှိ ရပ်/ကျေးအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် စာရေးများအား ဥပဒေ၊ နည်းဥပဒေပါ ဆောင်ရွက်ရမည့် လုပ်ငန်းဆိုင်ရာများ ပို့ချခြင်း အခမ်းအနားပြုလုပ်

ကျောက်ကြီး ဇန်နဝါရီ ၁၀

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ကျောက်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမ၌ ယမန်နေ့ညနေ (၅) နာရီအချိန်က ကျောက်ကြီးမြို့နယ်အတွင်းရှိ ရပ်/ကျေး အုပ်စုအုပ်ချုပ်ရေးမှူးများနှင့် စာရေးများအားဥပဒေ၊ နည်းဥပဒေပါ ဆောင်ရွက်ရမည့် လုပ်ငန်းဆိုင်ရာများ ပို့ချခြင်းအခမ်းအနားကို ကျင်းပပြု လုပ်ခဲ့သည်။

အခမ်းအနားတွင် ကျောက်ကြီးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်သူက ရပ်ကွက်/ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူး၏ သက်တမ်း သည် နိုင်ငံတော်သမ္မတ၏ ရာထူးသက်တမ်းအတိုင်းဖြစ်သည် ဟူသော ပြဋ္ဌာန်းချက်အရ လက်ရှိရပ်ကွက်/ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးများ၏ ရာထူးသက်တမ်းသည် မတ်လ (၃၁) ရက်နေ့တွင် ကုန်ဆုံးမည်ဖြစ်ပြီး ရပ်/ကျေးအုပ်ချုပ်ရေးမှူး အသစ်များကို ဧပြီလ (၁) ရက်နေ့မှစ၍ တာဝန်ထမ်းဆောင်နိုင်ရေးအတွက် ရွေးချယ်ခန့်အပ် တာဝန်ပေးနိုင်ရေး ကိစ္စရပ်များကို ရွေးချယ်ခြင်း လုပ်ငန်းစဉ် (Time Frame) ပါအချိန်ကာလ သတ်မှတ်ချက်များအတိုင်း ခန့်အပ်နိုင်ရေး ကြိုတင်ဆောင်ရွက် သွားရန်နှင့် ရပ်ကွက်/ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးများ ရွေးချယ်ရာတွင် ဥပဒေ/နည်းဥပဒေပါအတိုင်း လုပ်ကိုင်ဆောင်ရွက် သွားကြရန် ပြောကြားခဲ့သည်။

အဆိုပါအခမ်းအနားသို့ တက်ရောက်လာသော ရပ်/ကျေးအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် စာရေးများက မိမိ တို့သိလိုသည်များ၊ အခက်အခဲများကို တင်ပြဆွေးနွေးခဲ့ရာ သက်ဆိုင်ရာ တာဝန်ရှိသူက ပြန်လည်ဖြေကြား ဆွေးနွေးခဲ့ကြောင်း သိရသည်။                                                                                                                      

Kခိုင်ပြန်/ဆက်