ကျိုက်မ​ရောမြို့၏ ခရီးသွားကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်​ရေးအတွက် ကျိုက်မ​ရော ခုနှစ်​ခွေ​တောင် View Point​နေရာတွင် အပန်း​​ဖြေရာ​နေရာများပြုလုပ်​ပေး

ကျိုက်မ​ရော ဇန်နဝါရီ ၁၁

မွန်ပြည်နယ်၊ ကျိုက်မ​ရောမြို့၏ သာယာလှပ​သော ရှုခင်းများနှင့် ထင်ရှား​ကျော်ကြား​သော နေရာများကို ခုနှစ်​ခွေ ​တောင်ထိပ်​ ​View Point ပေါ်မှကြည့်ရှုခံစား ရင်း အ​မော​ပြေအပန်း​​​ဖြေစရာ ​နေရာအသစ်များကို ယ​မန်နေ့ နံနက် ၁၀နာရီ က အဆိုပါ ​ ​ခုနှစ် ခွေ ​တောင်ပေါ်၌ ​ပြုလုပ်လျက်ရှိ​ကြောင်း သိရသည်။

အဆိုပါ View Point ​နေရာသည် ကျိုက်မ​ရော မုဒုံသွားကားလမ်းမကြီး​ပေါ်၌တည်ရှိပြီး ကျိုက်မ​ရောမြို့၏​ ရေ​မြေတော​တောင် သဘာဝအလှများ၏ သာယာလှပပုံကို  ​တောင်ထိပ်​ပေါ်မှ ကြည့်ရှုရသည့် ထူးခြားသည့် စိတ်ခံစားမှုကိုရရှိစေရန်၊ သန့်ရှင်း လတ်ဆတ်​သော ​လေကိုရူရိုက်ရင်း ခရီးသွားပြည်သူများနှင့် ​ဒေသခံများအတွက် အပန်း​ဖြေအနားယူနိုင်ရန်​၊ ​ ​နေ့စဉ်ကျန်းမာ​ရေးအတွက် လမ်း​လျှောက်သူ၊ အဖွဲ့လိုက် စက်ဘီးစီးသူများ အ​မော​ဖြေရင်း အားကစား​လေ့ကျင့်ခန်းများ​ ဆောင်ရွက်နိုင်ရန် အတွက်​နေရာ သီးသန့်ထားရှိ​ပေးခြင်း၊ ခရီးသွားများအနားယူစရာ စတီးထိုင်ခုံရှည်များ၊ စတီးပိုက်များကို ကျိုက်မ​ရောမြို့​ ​ပေါ်ရှိ​စေတနာ ရှင်များ၊ ပရဟိတလူငယ်အဖွဲ့​များ၊ အ​ဝေး​ရောက် ကျိုက်မ​ရောမြို့သူမြို့သားများကစု​ပေါင်းကာ လှူဒါန်းပြုလုပ်​ပေးခြင်းဖြစ် ကြောင်း အဆိုပါ အပန်း​ဖြေရာ​နေရာတွင် ပါဝင်ကူညီ​ပေး​နေ​သော ပရဟိတအဖွဲ့ထံမှ သိရသည်။

ချိုချို(ပြန်/ဆက်)