လှိုင်းဘွဲ ဇန်နဝါရီလ ၁၁
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် စိန္တာကျေးရွာတွင် စိုက်ပျိုးထားသော သကြားပြောင်းစိုက်ခင်းအား ပိုးမွှားအန္တရာယ်ကျရောက်မှု မရှိစေရေးအတွက် ကွင်းဆေးစစ်ဆေးခြင်းကို ယမန်နေ့က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါစိုက်ခင်းကို ၂၀၂၀ပြည့်နှစ် ဒီဇင်ဘာလ(၇)ရက်နေ့တွင် တောင်သူများအချင်းချင်း စိုက်ပျိုးရေးကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် တောင်သူများမှ တောင်သူသို့ နည်းပညာပေးမျှဝေခြင်း သရုပ်ပြပွဲတွင် စိုက်ထားသော စိုက်ခင်းဖြစ်ပြီး သကြားပြောင်းစိုက်ခင်းတွင် ပိုးမွှားအန္တရာယ် ကျရောက်မှု မရှိစေရေး၊ ပိုးသတ်ဆေး စနစ်တကျ အသုံးပြုရေးနှင့်ဓါတ်မြေဩအသုံးပြု အသုံးပြုခြင်းတို့ စနစ်တကျ ဆောင်ရွက်နိုင်ရန်အတွက် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကြည်ဝင်းက ကွင်းဆင်းကြည့်ရှုပြီး လိုအပ်သည်များကို ပြောင်းစိုက်တောင်သူ ဦးကျော်ပုအား မှာကြားခဲ့ကြောင်း သိရှိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)