တင်ဒါစနစ်ဖြင့် ၀ယ်ယူသည့်ပစ္စည်းများအား အရည်အ‌သွေးစစ်ဆေးရေးနှင့်လက်ခံရေးကော်မတီမှ စစ်ဆေးလက်ခံခြင်းဆောင်ရွက်

   နတ်မောက်  ဇန်နဝါရီ    ၁၁

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာရေးနှစ် အတွင်း ကျပ်(၁၀)သန်းနှင့်အထက်  ငွေလုံးငွေရင်းလုပ်ငန်းအတွင် တင်ဒါစနစ်ဖြင့် ဝယ်ယူသည့် ပစ္စည်း များအား အရည်အသွေးစစ်ဆေးခြင်းနှင့် လက်ခံရေးကော်မတီမှ စစ်ဆေးလက်ခံခြင်းလုပ်ငန်းများကို    ယမန်နေ့ နံနက်(၁၀)နာရီအချိန်ခန့်ကကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။

မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၀-၂၀၂၁ ခုဘဏ္ဍာရေးနှစ်တွင်း ကျပ် (၁၀)သန်းနှင့်အထက် ငွေလုံးငွေရင်းလုပ်ငန်းဖြစ်သော အောင်ဆန်းရပ်ကွက်ရှိ   သော်ကမြိုင်လမ်း ကျောက်ချောခင်းခြင်း လုပ်ငန်း အတွက် ပစ္စည်းတင်ဒါစနစ်ဖြင့် ၀ယ်ယူသည့် ( "- " ) ‌ကျောက်များ အား မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အရည်အသွေးစစ်ဆေးရေး နှင့် လက်ခံရေးကော်မတီက ပေများ တိုင်းထွာ၍ ပစ္စည်းအရည်အသွေး နှင့် အရေအတွက်အား စစ်ဆေးလက်ခံခြင်းများ ဆောင် ရွက်ခဲ့ကြကြောင်း သိရသည်။

လှဝင်း (နတ်မောက်)