နတ်မောက်မြို့နယ်၌ ၂၀၂၀-၂၀၂၁ တိုင်းဒေသကြီးရန်ပုံငွေဖြင့် ဆောင်ရွက်သည့်ကန်ကြီးကုန်းကန် ပြန်လည်ပြုပြင်ခြင်း လုပ်ငန်းအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

နတ်မောက်  ဇန်နဝါရီ  ၁၁

 

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၏ ၂၀၂၀-၂၀၂၁ တိုင်းဒေသကြီးရန်ပုံငွေဖြင့် ဆောင်ရွက်နေသည့် လုပ်ငန်းများကို ယမန်နေ့ နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ၂၀၂၀-၂၀၂၁ တိုင်းဒေသကြီးရန်ပုံငွေဖြင့် ကန်ကြီးကုန်းမြေသား ကန် ပြန်လည်တူးဖော်ခြင်းလုပ်ငန်းများဆောင်ရွက်နေမှုအား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမော်၊ လမ်းဦးစီးဌာနမှ SAE ဦးထက်ဝေယံနှင့် မြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ဦးစီးအရာရှိ (မြို့ပြ) ဦးထိန်းလင်းတို့မှ လုပ်ငန်းဆောင်ရွက်နေမှုကို ကွင်း ဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

သင်းသင်းဝေ (နတ်မောက်)