ကြည့်မြင်တိုင် ဇန်နဝါရီ ၁၁
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကြည့်မြင်တိုင်မြို့နယ်တွင် ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေးဆိုင်ရာ နည်းဥပဒေများကို ဒုတိယ အကြိမ်ပြင်ဆင်သည့် နည်းဥပဒေများနှင့်အညီ ရွေးချယ်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ ရှင်းလင်းဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၁၀ နာရီ အချိန်က သာဓုပရိယတ္တိစာသင်တိုက်၊ အောင်သုခဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ရှင်းလင်းဆွေးနွေးပွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇာနည်ဝင်းက ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေးဆိုင်ရာ နည်းဥပဒေများကို ဒုတိယအကြိမ်ပြင်ဆင်သည့် နည်းဥပဒေများနှင့်အညီ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ရွေးချယ်ဆောင်ရွက်မည့် လုပ်ငန်းစဉ် များအား ရှင်းလင်း ဆွေးနွေးခြင်း၊ နည်းဥပဒေများနှင့်အညီ ကြီးကြပ်ရေးအဖွဲ့ရွေးချယ်ရေး ရှင်းလင်းဆွေးနွေးခြင်း၊ ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၊ ကျေးရွာတာဝန်ခံ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးတို့တွင် ပြည့်စုံရမည့် အရည်အချင်းများ စသည်တို့ကို ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာကြသည့် မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှ သိရှိလိုသည်များကို မေးမြန်းရာ မြို့နယ် အုပ်ချုပ်ရေးမှူး က ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါ ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေးဆိုင်ရာ နည်းဥပဒေများကို ဒုတိယအကြိမ် ပြင်ဆင်သည့် နည်းဥပဒေများနှင့်အညီ ရွေးချယ်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ ရှင်းလင်းဆွေးနွေးပွဲသို မြို့နယ်အတွင်းရှိ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်စာရေးများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ခိုင်ဇာလင်း (ပြန်/ဆက်)