လှိုင် ဇန်နဝါရီ ၁၁
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်အတွင်းရှိ လှိုင်စျေးကြီး၌ ယမန်နေ့ နံနက် ၈ နာရီ အချိန်က Mask and Face shield Campaign ဆောင်ရွက်ခြင်း၊ mask မတပ်သူများအား အရေးယူခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ Mask and Faceshield Campaign ဆောင်ရွက်ခြင်း၊ mask မတပ်သူများအား ဖမ်းဆီးခြင်းများ ပြုလုပ်ရာ တွင် လှိုင်စျေးကြီးအတွင်း၌ ရောင်းချနေကြသော စျေးဆိုင်ပိုင်ရှင်များ၊ စျေး လာရောက် ဝယ်သူများ၊ ပျံကျစျေးသည် များ၊ လမ်းသွားလမ်းလာ ပြည်သူများနှင့် ဆိုက်ကားဆရာများအား ဖမ်းဆီး ဒဏ်ရိုက်ခြင်းများကို လှိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ကိုဗစ်ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေး ကော်မတီဝင်များနှင့် ဌာနဆိုင်ရာများက ပူးပေါင်းပါဝင်၍ ဖမ်းဆီးအရေးယူ အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ ကြကြောင်း သိရသည်။
ကြည်ဇေသော်(ပြန်/ဆက်)