ကော့ကရိတ် ဇန်နဝါရီ ၁၁
ကရင်ပြည်နယ်၊ကော့ကရိတ်မြို့ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကမ္ဘာ့ဘဏ်အကူအညီဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နေသော လူထုဗဟိုပြုစီမံကိန်း(တတိယနှစ်စက်ဝန်း)တွင် လောင်းကိုင် ကျေးရွာအုပ်စု ကော့ဖောင်း ကျေးရွာ စာသင်ကျောင်းခန်းမဆောင်သစ် (အလျား ၃၀ ပေ ၊ အနံ ၆၀ပေ ၊ အမြင့် ၁၃ ပေ) ရှိသော စီမံကိန်းလုပ်ငန်းကို လူထုဗဟိုပြုစီမံကိန်းထောက်ပံ့ငွေကျပ် (၃၈၇)သိန်း ဖြင့် ၂၀၂၁ ခုနှစ် ဇန်နဝါရီလ (၁၀)ရက်နေ့တွင် ကျေးရွာလူထုလုပ်အားဖြင့် စတင်အကောင်ထည်ဖော်ဆောင်ရွက်နေပြီ ဖြစ်ကြောင်းသိရသည်။
အဆိုပါ စာသင်ကျောင်းခန်းမဆောင်ကို လူထုဗဟိုပြုစီမံကိန်းမှ လက်ထောက်နည်းပညာမှူး ဒေါ်နှင်းဝေသင်း လူထုစည်းရုံးရေးမှူး နန်းအိရွှေဇင်တို့မှ အနီးကပ်ကြီးကြပ်မှု၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် မြို့နယ်နည်းပညာအကြံပေးအဖွဲ့တို့၏ စနစ်တကျလမ်းညွှန်မှု၊ ရပ်ရွာပြည်သူလူထုတို့၏ပူးပေါင်းပါဝင် မှုများဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နေခြင်းဖြစ်ပြီး ၁၀၀% ပြီးစီးပါက ကော့ဖောင်းကျေးရွာမှ ကျောင်းနေ အရွယ် ကလေးသူငယ်များစုစုပေါင်း (၇၀)ဦး အတွက် ပညာရေးဆိုင်ရာ ဟောပြောပွဲ/ဆုပေးပွဲ ခန်းမအဖြစ် အသုံးပြုနိုင်မည့်အပြင် ကျေးရွာအနေဖြင့်လည်း လူမှုရေး၊ ဘာသာရေး၊ သာရေးနာရေးကိစ္စများ အတွက် များစွာအဆင်ပြေသွားမည်ဖြစ်ကြောင်းသိရသည်။
ခင်မျိုးဝင်း(ခရိုင်ပြန်/ဆက်)