ကမာရွတ် ဇန်နဝါရီ ၁၁
မြန်မာနိုင်ငံစာကြည့်တိုက်များ ဖောင်ဒေးရှင်း(ရန်ကုန်တိုင်း)မှ ကမာရွတ်မြို့နယ် အမှတ် ၆ ရပ်ကွက် ပြည်ရိပ်မွန် အိမ်ရာရှိ (ပညာတန်ဆောင်) စာကြည့်တိုက် ပြန်လည်ထူထောင်ရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် လှူဒါန်းငွေ ပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့ ၁၀ နာရီအချိန် က စတင်ခဲ့ကြသည်။
အဆိုပါ အခမ်းအနားတွင် ဦးခင်မောင်ဌေး (ပညာရေး)မှ အဖွင့်အမှာ စကားပြောကြားပြီး မြန်မာနိုင်ငံစာကြည့်တိုက် များ ဖောင်ဒေးရှင်းမှ ဥက္ကဋ္ဌ ဦးနွဲ့မြင့်သိန်းက စာကြည့်တိုက်များ ပေါ်ပေါက်လာ ရေးနှင့် ဖွင့်လှစ်ပြီး စာကြည့်တိုက်များ ရေရှည်တည်တံ့ခိုင်မြဲ တိုးတက်ရေးအတွက် စသည့် အကြောင်းအရာများကို အမှာစကားပြောကြားခဲ့သည်။ ထို့နောက် ဥက္ကဋ္ဌ ဦးနွဲ့မြင့်သိန်းက အလှူငွေ (တစ်ဆယ်သိန်းကျပ်)တိတိကို အမှတ် ၆ ရပ်ကွက် ပညာတန်ဆောင် စာကြည့်တိုက်ဥက္ကဋ္ဌ ဦးမြင့်စိုးက လက်ခံရယူခဲ့ကြပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရ သည်။
အခမ်းအနားသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စာကြည့်တိုက်ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါ်စိမ်းလဲ့၊ အမှတ် ၆ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးစိုးလွင်နှင့် ရပ်မိရပ်ဖများ တက်ရောက်ခဲ့ကြောင်း သိရသည်။
စိမ်းလဲ့ (ပြန်/ဆက်)