ကသာ ဇန်နဝါရီ ၁၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ် အဆင့်ဌာနဆိုင်ရာများပါဝင်သော မြို့နယ်အဆင့်ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေးကော်မတီမှ မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါကာကွယ် ထိန်းချုပ်နိုင်ရန်အတွက် ကသာမြို့ရှိ ပြည်သူများအား Mask များ တပ်ဆင်ပြီး အပြင်ထွက်သွားလာရေး Mask Campaign ကို ဇန်နဝါရီလ(၁၁)ရက်နေ့၊ နံနက်ပိုင်းက ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် တာဝန်ရှိသူများက ကသာမြို့ရှိ မီးပွိုင့်လမ်းဆုံနှင့် အ.ထ.က(၁) ကျောင်းရှေ့နေရာများတွင် (၂)ဖွဲ့ခွဲ၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်ရာ Mask မတပ်ဆင်ဘဲ အပြင်ထွက်သွားလာသူများကို ဒဏ်ငွေပေးဆောင်စေခြင်း၊ Mask များပေးဝေ ခြင်းနှင့် ပြည်သူများအနေဖြင့် အပြင်ထွက်သွားလာပါက Mask များတပ်ဆင်ပြီး အပြင်ထွက်သွား လာရန်အသိပညာပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ပြီး အဆိုပါ Mask Campaign ကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ရဲအောင် (ကသာ)