မြို့သစ်မြို့နယ်တွင် ကိုဗစ်-၁၉ ကူးစက်မှုမဖြစ်ပေါ်စေရေးအတွက် ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်

မြို့သစ်  ဇန်နဝါရီ   ၁၁

မကွေးခရိုင်     ၊   မြို့သစ်မြို့နယ်တွင်  ကိုဗစ်-၁၉ရောဂါကူးစက်မှုမဖြစ်ပေါ်စေရေး ကာကွယ် ထိန်း ချုပ်ရေး လုပ်ငန်းများကို  အရှိန်အဟုန်မြှင့်  ဆောင်ရွက်လျက်ရှိရာ   ယနေ့နံနက်ပိုင်းက မြို့သစ်မြို့ မြို့အဝင်ဂိတ်နှင့် ယာယီပျံကျစျေတို့၌  နေအိမ်ပြင်ပသွားလာရာတွင် နှာခေါင်းစည်း တပ်ဆင်ခြင်း မရှိသူများအားစစ်ဆေး၍   ပညာပေးခြင်းလုပ်ငန်းများဆောင်ရွက်ကာ  နှာခေါင်းစည်း များ ကို  ခုဝယ် ခုတပ်စနစ်ဖြင့်(Mask)တပ်ဆင်စေခြင်းများ ဆောင်ရွက်ခဲ့သည်။ 

မြို့သစ်မြို့နယ်တွင်  နေအိမ်ပြင်ပသွားလာရာ၌ နှာခေါင်းစည်း   တပ်ဆင်ခြင်းမရှိသူများအား  စစ်ဆေးကာ   မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ဦးဆောင်၍ မြို့ နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ ၊ မြို့နယ် မီးသတ်တပ်ဖွဲ့ ဝင်များ ၊ ဌာနဆိုင်ရာများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ မော်တော်ဆိုင်ကယ်များ၊ သုံး ဘီးဆိုင်ကယ်များ ၊   မော်တော်ယာဉ်များနှင့် ခရီးသွားပြည်သူ များအား  နှာခေါင်းစည်း တပ်ဆင်ခြင်း ရှိ / မရှိ ၊ ရပ်တန့်စစ်ဆေးကာ နှာခေါင်းစည်း တပ်ဆင်ခြင်းမရှိသူများကို အပြင်ထွက်တိုင်း မဖြစ်မနေ နှာခေါင်းစည်း ( Mask) တပ်ဆင်သွားလာရန် အသိပညာပေးခြင်း ၊ နှာခေါင်းစည်း ( Mask )မတပ်သူ များအား ခုဝယ်ခုတပ်စနစ်ဖြင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သန်းဝင်းထွန်း(ပြန်/ဆက်)