စေတုတ္တရာမြို့နယ် မဏ္ဍပ်ကိုင်းကျေးရွာတွင် တိုင်းဒေသကြီးငွေလုံးငွေရင်း ခွင့်ပြုငွေကျပ်(၄၄.၂၅) သန်းဖြင့် ကျေးရွာလျှပ်စစ်မီးလင်းရေးဆောင်ရွက်မှု ရာနှုန်းပြည့်ပြီးစီး

စေတုတ္တရာ      ဇန်နဝါရီ           ၁၁

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်လျှပ်စစ်ရုံးမှ ၂၀၁၉-၂၀၂၀ဘဏ္ဍာနှစ်တွင် တိုင်းဒေသကြီးငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေများဖြင့် ကျေးရွာ(၂၂)ရွာတွင် လျှပ်စစ်မီးလင်းရေး ဆောင်ရွက် လျက်ရှိရာ  မဏ္ဍပ်ကိုင်းကျေးရွာတွင် တိုင်းဒေသကြီးငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေ ကျပ် (၄၄.၂၅)သန်းဖြင့် ဆောင်ရွက်လျက်ရှိသော ကျေးရွာလျှပ်စစ်မီးလင်းရေးလုပ်ငန်းမှာ ရာနှုန်းပြည့်ပြီးစီး ပြီဖြစ်ကြောင်း သိရ သည်။

အဆိုပါ မဏ္ဍပ်ကိုင်းကျေးရွာ လျှပ်စစ်မီးလင်းရေးလုပ်ငန်းအား တိုင်းဒေသကြီးငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေ (၄၄.၂၅)သန်းဖြင့် အရှည် (၁.၁၇)မိုင်ရှိသော 11kv ဓာတ်အားလိုင်းနှင့် 11/0.4 kv 200 kva Transformer (၁)လုံး တပ်ဆင်ခြင်းလုပ်ငန်းအား မြို့နယ်လျှပ်စစ်ရုံးမှ (၂၁.၃.၂၀၂၀)ရက်နေ့မှ စတင်၍ တာဝန်ယူဆောင်ရွက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်းနှင့် မကြာမီ လျှပ်စစ်ဓာတ်အား စတင် ပေးပို့နိုင်တော့မည်ဖြစ်ကြောင်း မြို့နယ်လျှပ်စစ်ရုံးမန်နေဂျာ ဦးညိုဝင်းသန့်ထံမှ သိရသည်။

ကျေးရွာတွင်း လျှပ်စစ်မီးလင်းရေးလုပ်ငန်း ဆောင်ရွက်ပြီးစီးသောကြောင့် ကျေးရွာအတွင်းရှိ အိမ်ထောင်စု(၁၆၁)စုမှ လူဦးရေ (၆၃၇)ဦးအတွက် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနိုင်မည်ဖြစ်ကြောင်း သိရ သည်။          

စည်သူလွင်(ပြန်/ဆက်)