ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိထားသူနှင့် ထိတွေ့ဆက်စပ်ခဲ့သော ယာဉ်နောက်လိုက်(၁)ဦးကို Quarantine ဝင်ရောက်ရန် ထောက်ကြန့် တိုးဂိတ်ဟောင်းမှ သွားရောက်ခေါ်ယူ၍ အင်းစိန်(GTI) Quarantine Center (၃)သို့ ပို့ဆောင်

ရန်ကုန် ဇန်နဝါရီ ၁၁

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်တိုးဂိတ်ဟောင်းတွင် ကိုဗစ်-၁၉ရောဂါပိုး တွေ့ရှိထားသူနှင့် ထိတွေ့ဆက်စပ်ခဲ့သော ယာဉ်နောက်လိုက်(၁)ဦးကို Quarantine ဝင်ရောက်ရန်အတွက် ယမန်နေ့ နေ့လယ်(၁)နာရီအချိန်က အင်းစိန်မြို့နယ်၊ ကြက်ခြေနီအသင်းခွဲမှ တာဝန်ရှိသူများက သွားရောက်ခေါ်ဆောင်၍ အင်းစိန်(GTI) Quarantine Center (၃) သို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

အင်းစိန်မြို့နယ်၊ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက် နေသော ကြက်ခြေနီအသင်းခွဲ(အင်းစိန်)သည် ဥက္ကဋ္ဌ ဦးစည်သူဇော်၊ မြို့နယ်တပ်ဖွဲ့မှူး ဦးနီထွန်းတို့၏ လမ်းညွှန်မှုဖြင့် ကြက်ခြေနီ တပ်ဖွဲ့ဝင်များက ယာဉ်နောက် လိုက်(၁)ဦးကို Quarantine ဝင်ရောက်ရန် ထောက်ကြန့် တိုးဂိတ်ဟောင်းမှ သွားရောက် ခေါ်ယူ၍ အင်းစိန်(GTI) Quarantine Center (၃)သို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

အင်းစိန်မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှလည်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)