မကွေးတိုင်းဒေသကြီးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာသစ်(၁၄)ဦး ထပ်တိုးတွေ့ရှိပြီး အတည်ပြု လူနာပေါင်း (၂၈၂၇)ဦးထိ ရှိလာ

မကွေး     ဇန်နဝါရီ    ၁၁

မကွေးတိုင်းဒေသကြီးမှာ ဇန်နဝါရီလ ၁၀ ရက်နေ့ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန ထုတ်ပြန်ချက်များအရ ကိုဗစ်ပိုးတွေ့ အတည်ပြုလူနာသစ်(၁၄)ဦး ထပ်တိုးတွေ့ရှိ ခဲ့ပြီး တိုင်းဒေသကြီးအတွင်းမှာ အတည်ပြုလူနာပေါင်းက(၂၈၂၇)ဦးထိ ရှိလာကြောင်း သိရသည်။

တိုင်းဒေသကြီးအတွင်းမှာ ကျန်းမာရေးကောင်းမွန်ပြီး ဆေးရုံက ဆင်းခွင့်ရသူတွေရှိသလို ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုတွေက  ဆက်လက်ရှိနေဆဲပါ၊ ဒီကနေ့မှာ တွေရှိခဲ့တဲ့ လူနာတွေက NHL နဲ့ RDT စစ်ဆေးမှုအရ စုစုပေါင်း  ပိုးတွေ့အတည်ပြုလူနာသစ်(၁၄)ဦး ထပ်တိုးတွေ့ရှိခဲ့တာ ဖြစ်ပါတယ်၊ ဒီနေ့တွေ့ရှိတဲ့ ကိုဗစ်-၁၉ ပိုးတွေ့အတည်ပြု လူနာတွေက မကွေးက(၄)ဦး၊ မင်းဘူးက (၃)ဦး၊ အောင်လံ က(၂)ဦးနဲ့ ပခုက္ကူ၊ဆိပ်ဖြူ၊ရေနံချောင်း၊သရက်၊မင်းလှနဲ့ နတ်မောက်က(၁)ဦးစီ တို့ဖြစ်ပါတယ်၊ ပိုးတွေ့ အတည် ပြုလူနာတွေထဲက မကွေးက(၂)ဦး၊ရေနံချောင်း(၁)ဦး၊အောင်လံ(၁)ဦး၊ ပခုက္ကူက(၁)ဦး တို့က အနံ့ပျောက် လက္ခဏာပြ လူနာတွေပါ၊ နောက်ထပ် အောင်လံ(၁)ဦးနဲ့ဆိပ်ဖြူ(၁)ဦးက ပိုးတွေ့လူနာနှင့် ထိတွေ့မှု ရှိသူဖြစ်ပြီး မင်းဘူး(၁)ဦးနဲ့ သရက်(၁)ဦးက ယာဉ်မောင်း၊ ယာဉ်နောက်လိုက်တွေ ဖြစ်ပါတယ်၊ နောက်ထပ် မကွေးက PUI (၁)ဦးနဲ့ ကျန်ပိုးတွေ့လူနာတွေက ရန်ကုန်ပြန်(Quarantine Centre)တွေက ဖြစ်ပါတယ်၊တိုင်းဒေသကြီးအတွင်းမှာ ကိုဗစ်-၁၉ ပိုးတွေ့အတည်ပြု လူနာပေါင်းက(၂၈၂၇)ဦး ရှိပြီ ဖြစ်တယ်လို့ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန လက်ထောက်  ညွှန်ကြားရေးမှူး ဒေါက်တာခင်မောင်သန်း က အတည်ပြုပြောကြားသည်။

ကိုဗစ်ပိုးတွေ့ အတည်ပြုပြုလူနာများအား ဆေးဝါကုသမှုခံယူနိုင်ရန် တိုင်းဒေသကြီး မြိုနယ် အသီးသီးရှိ သက်ဆိုင်ရာ ဆေးရုံကြီး၊ မြို့နယ်နှင့်တိုက်နယ်ဆေးရုံများသို့ လူမှုကူညီရေးအသင်းအဖွဲ့ များက မော်တော်ယာဉ်များဖြင့် လိုက်လံပို့ဆောင်ပေးလျက်ရှိပြီး  လက်ရှိမှာ မကွေးတိုင်းဒေသကြီး အတွင်း ယနေ့ညပိုင်းအချိန်ထိ ကိုဗစ်-၁၉ ပိုးတွေ့ အတည် ပြုလူနာ စုစုပေါင်း(၂၈၂၇)ဦးထိ ရှိလာပြီး၊ တိုင်းဒေသကြီးက ဆေးရုံအသီးသီးမှာ ဆေးရုံတက်ရောက် ကုသမှုခံယူနေသူ(၂၈၆)ဦးနဲ့ ကျန်းမာရေး ကောင်းမွန်၍ ဆေးရုံဆင်းခွင့်ရရှိသူ(၂၅၃၃)ဦး ရှိကာ သေဆုံးသူက(၈)ဦးရှိကြောင်း မကွေးတိုင်းဒေသ ကြီးပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန မှတ်တမ်းများအရ သိရသည်။              

သန်းနိုင်ဦး(ငဖဲ)