တန့်ဆည် ဇန်နဝါရီ ၁၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်တန့်ဆည်မြို့ မေတ္တာမြိုင် ရပ်ကွက်ရှိ မီးဘေးသင့်ပြည်သူ ဦးစောလွင်၏ မိသားစုအား မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှ ထောက်ပံ့သောပစ္စည်းများကို အသင်းကြီးကိုယ်စား တန့်ဆည်မြို့နယ် ကြက်ခြေနီအသင်း (ခွဲ) မှ ယနေ့ နံနက် (၁၂) နာရီအချိန်က လက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်းသိရသည်။
ထိုသို့ ပေးအပ်ရာတွင် တန့်ဆည်မြို့နယ်ကြက်ခြေနီအသင်း (ခွဲ) ဥက္ကဋ္ဌ ဒေါက်တာ အေးကိုကို အောင်၊ ဒု-ဥက္ကဋ္ဌ ဦးကျော်လွင်၊ ကော်မတီအဖွဲ့ဝင် ဦးလှမြင့်ထွန်း၊ ကြက်ခြေနီ သူနာပြု တပ်ဖွဲ့မှူး ဦးမျိုးဝင်းညွန့်နှင့် တပ်ဖွဲ့ဝင်တို့က မိသားစုသုံးပစ္စည်း၊ အမျိုးသမီးသုံးပစ္စည်းတို့ကို မီးဘေးသင့်ပြည်သူများအားပေးအပ်ကာ အားပေးနှစ်သိမ့်စကားများ ပြောကြားခဲ့သည်။
တန့်ဆည်မြို့ မေတ္တာမြိုင်ရပ်ကွက်တွင် ဇန်နဝါရီလ ၉ ရက်နေ့ ည ၁၂နာရီ ၁၅မိနစ်ခန့်က ဦးစောလွင်၏ နေအိမ်တွင် ရေတင်ထားရာ မှတစ်ဆင့် မိန်းခလုပ်မပိတ်မိသဖြင့် ဝါယာကြိုး အပူလွန်ကဲ၍ မီးလောင်မှုဖြစ်ပွားခဲ့ရာ မီးဘေးသင့်သူများအား မြန်မာနိုင်ငံကြက်ခြေနီ အသင်းက လူသားချင်း စာနာသောအားဖြင့် ထောက်ပံ့ပစ္စည်းများပေးအပ်ကာ အားပေး နှစ်သိမ့်ခဲ့ခြင်းဖြစ် ကြောင်းသိရှိရပါသည်။
ငြိမ်းမင်းထွန်း(တန့်ဆည်)