မုဒုံ ဇန်နဝါရီ ၁၁
မွန်ပြည်နယ် မော်လမြိုင်ခရိုင် မုဒုံမြို့နယ်မီးသတ်ဦးစီးဌာနမှ ယမန်နေ့က သဘာဝဘေးအန္တရာယ် ငလျင်ဘေးအန္တရာယ် ဇာတ်တိုက် လေ့ကျင့်ခြင်းတို့ကို အဆိုပါ ရုံးအဆောက်အဦ၌ ပြုလုပ် ဆောင်ရွက်ခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဦးစောစိုးစိုးမြင့်က ကြီးကြပ်၍ ငလျင်ဘေး၊ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများနှင့် ပတ်သက်၍ လက်တွေ့လေ့ကျင့် ဆောင်ရွက်ခဲ့ပြီး မြို့နယ် မီးသတ်သတ်ဖွဲ့မှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင် (၁၅) ဦးတို့က ငလျင်ဘေး အန္တရာယ် ကျရောက်ပါက အဆောက်အဦးများ၌ ပိတ်မိလူနာများ ကယ်ထုတ်သည့် လေ့ကျင့်မှုအား မြို့နယ် မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူ (၂) ဦးတို့က လက်တွေ့လေ့ကျင့်ပေးခဲ့ကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)