ကျောက်တံတား ဇန်နဝါရီ ၁၁
ကျောက်တံတားမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေများကို လက်ဝယ် အရောက် ထောက်ပံ့ပေးအပ်လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက အမှတ်(၆) ရပ်ကွက်အတွင်းရှိ သက်ကြီးဘိုးဘွားများအတွက် လူမှုရေး ပင်စင်များအား အမှတ်(၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့က သက်ကြီးဘိုးဘွားများ အတွက် လူမှုရေး ပင်စင် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြသည်။
ကျောက်တံတားမြို့နယ်တွင် အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွား(၂၁၆)ဦးနှင့် အသက်(၁၀၀) နှစ်အထက် ဘိုးဘွား(၃)ဦး၊ စုစုပေါင်း(၂၁၉)ဦး ရှိပြီး လူမှုရေးပင်စင်ထောက်ပံ့ငွေ တစ်ဦးလျှင် ငွေကျပ် ၃၀၀၀ဝိ/- နှုန်းဖြင့် လည်းကောင်း၊ အသက်(၁၀၀)နှစ်အထက် သက်ကြီးဘိုးဘွား(၃)ဦးတို့ အတွက် အပိုဆောင်း ထောက်ပံ့ငွေ တစ်ဦးလျှင် (၃၀၀၀ဝိ/-)တို့ကို သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ် ရေးမှူးများမှ သက်ကြီးဘိုးဘွားများထံ အိမ်တိုင်ရာရောက် ဆက်လက်ထောက်ပံ့ပေးအပ်လျက်ရှိကြောင်း သိရသည်။
ရွှေနန်းမေ