ထန်းတပင်မြို့နယ်၌ ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စုအုပ်ချုပ်ရေးဥပဒေ၊ နည်းဥပဒေနှင့်အညီ ဆောင်ရွက်မည့် လုပ်ငန်းစဉ်သင်တန်းပို့ချ

ထန်းတပင် (ပဲခူး) ဇန်နဝါရီ ၁၁

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်၌ ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေး ဉပဒေ၊ နည်းဉပဒေနှင့်အညီ ဆောင်ရွက်မည့် လုပ်ငန်းစဉ်သင်တန်းကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ် သီရိမင်္ဂလာခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဝင်းနှင့် တောင်ငူခရိုင်ခရိုင် အုပ်ချုပ်ရေးမှူး ဦးမိုးထက်တို့ က ရပ်ကွက် (သို့မဟုတ်) ကျေးရွာ အုပ်ချုပ်ရေး ဥပဒေ၊ နည်းဥပဒေများဖြင့် ရွေးချယ်သွားမည့် အကြေင်းအရာများကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးထွန်းကိုကိုက ဥပဒေ၊ နည်းဥပဒေများတွင် ပြဋ္ဌာန်းထားသည့် လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် Power Point ဖြင့် ပြသပြီး ဌာနဆိုင်ရာများ ပူးပေါင်းပါဝင်ကြရန် ရှင်းလင်းဆွေးနွေး ခဲ့သည်။

ထို့နောက် ရပ်ကွက်(သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေး ဥပဒေ၊ နည်းဥပဒေများ ဆွေးနွေးပွဲသို့  တက်ရောက်လာကြာသော ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများက သိရှိလို သည်များကို မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)