ကျောက်ကြီးမြို့နယ်အတွင်း ကျေးရွာများအား Gaia Organization (ဝိုင်ယာအဖွဲ့)နှင့် စစ်တောင်းသံစဉ် လူမှုကွန်ယက်အဖွဲ့တို့မှ အသံချဲ့စက်များလှူဒါန်း

ကျောက်ကြီး ဇန်နဝါရီ ၁၁

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့ နေ့လယ်(၁)နာရီ အချိန်က ကျောက်ကြီးမြို့နယ်အတွင်းရှိ ကျေးရွာများအား Gaia Organization (ဝိုင်ယာအဖွဲ့)နှင့် စစ်တောင်းသံစဉ် လူမှုကွန်ယက်အဖွဲ့တို့မှ အသံချဲ့စက် (၁၅)စုံ လှူဒါန်းခဲ့ သည်။

အဆိုပါ အသံချဲ့စက်များကို ကျောက်ကြီးမြို့နယ်အတွင်း၌ ကိုဗစ်-၁၉ ရောဂါနှင့် စပ်လျဉ်း၍ ရောဂါပြန့်ပွားမှု မဖြစ်ပေါ်စေရေးနှင့် ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများ လုပ်ဆောင်ရာတွင် အထောက်အကူဖြစ်စေရန်၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး အမျိုးသား အဆင့် ဗဟိုကော်မတီ၊ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာတို့မှ ကြေညာချက်များအား အချိန်နှင့်တစ်ပြေးညီ သိရှိနိုင်စေရန် ရည်ရွယ်၍ နော်ဝေး ပြည်သူများ ထောက်ပံ့ရေး ရန်ပုံငွေဖြင့် Gaia Organization (ဝိုင်ယာအဖွဲ့)နှင့် စစ်တောင်းသံစဉ်လူမှုကွန်ယက်အဖွဲ့တို့မှ အသံချဲ့စက်တစ်စုံ (Amplifier, 2 Units, 2Horns, Battery, Microphone, Cable) တို့ကို ကျောက်ကြီးမြို့နယ် အုပ်ချုပ်ရေးမှူးထံ လှူဒါန်းပေးအပ်ခဲ့ကြောင်းနှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သူမှ မြို့နယ်အတွင်းရှိ ကျေးရွာ(၁၅)ရွာမှ အုပ်ချုပ်ရေးမှူးများ၊ တာဝန်ခံများလက်သို့ ဆက်လက်လွှဲပြောင်း ပေးအပ်ခဲ့ကြောင်း သိရ သည်။

Kခိုင် ပြန်/ဆက်