ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ရွေးချယ်ခန့်အပ်နိုင်ရေး အတွက် ရပ်ကွက်ကြီးကြပ်ရေးအဖွဲ့ ရွေးချယ်မည့်အဖွဲ့များ ဖွဲ့စည်းတာဝန်ပေးအပ်ခြင်း လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ဒဂုံမြို့သစ်(အရှေ့ပိုင်း) ဇန်နဝါရီ ၁၁

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး အသစ်များ  ရွေးချယ် ခန့်အပ်နိုင်ရေးအတွက် ရပ်ကွက်ကြီးကြပ်ရေးအဖွဲ့ ရွေးချယ်မည့် အဖွဲ့များ ဖွဲ့စည်းတာဝန်ပေးအပ်ခြင်း လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကို ယနေ့ နံနက်(၁၀)နာရီက ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ ကြောင်း သိရသည်။

ထိုသို့ကျင်းပရာတွင် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မင်းထိုက်က  ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူး နည်းဥပ ဒေသစ်များအရ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ ရွေးချယ်ရာတွင် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ် ရေးမှူးများ ရွေးချယ်ရာတွင် ရပ်ကွက်ကြီးကြပ်ရေးအဖွဲ့ရွေးချယ်မည့်အဖွဲ့များ  ဖွဲ့စည်း၍ ဆယ်အိမ်မှူး၊ ရာအိမ်မှူးများကို အဆင့်ဆင့် ရွေးချယ်ရမည်ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ကာလဖြစ်သည့်အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန၏ သတ်မှတ် စည်းကမ်းချက်များနှင့်အညီ ရွေးချယ်ဆောက်ရွက် ရမည်ဖြစ်ကြောင်း၊ ရွေးချယ်မှုများ ပြုလုပ်ရာတွင် ရပ်ကွက်အတွင်းရှိ အိမ်ထောင်စု ကိုယ်စားလှယ်များ ကိုယ်တိုင် တက်ရောက် ရမည်ဖြစ်ကြောင်း၊ မြို့နယ်မှ ဖွဲ့စည်းတာဝန်ပေးအပ်ထားသော ရပ်ကွက် ကြီးကြပ်ရေးအဖွဲ့ ရွေးချယ်မည့် အဖွဲ့များနှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ရမည်ဖြစ်ကြောင်း၊ ရွေးချယ်ပွဲနှင့် ပတ်သက်၍  အသံချဲ့စက်ဖြင့်ကြိုတင် အသိပေး ကြေညာပေးရမည် ဖြစ်ကြောင်း၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ ရွေးချယ်ချယ်ခန့်ထားရာတွင်  ပြည်သူများ၏ လူမှုဘဝလုံခြုံရေး၊ လူထု၏ အခွင့်အရေးများအား ကာကွယ်ပေးနိုင်ရေး၊ တရားဥပဒေစိုးမိုးရေး၊ ဘေးအန္တရာယ် ကျရောက် လာပါက အကာအကွယ် ပေးနိုင်ရေး၊ ရပ်ကွက်/ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူလူထု၏ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး အစ ရှိသည် တို့ကို ကာကွယ်စောင့်ရှောက်ပေးဖို့လိုကြောင်းနှင့် မြို့နယ်ကြီးကြပ်ရေးအဖွဲ့များအနေဖြင့် စနစ်တကျ စိစစ်ဆေးရွေးချယ်ကြရမည် ဖြစ် ကြောင်း စသဖြင့်  ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍  ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနေကျော်မှ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးကောင်း များ ရွေးချယ်နိုင်ရေးအတွက် ဆယ်အိမ်မှူး၊ ရာအိမ်မှူးကောင်းများ ရှိထားဖို့လိုကြောင်း၊ ဖွဲ့စည်း တာဝန် ပေးအပ်ထားသော ရပ်ကွက်ကြီးကြပ်ရေးအဖွဲ့ ရွေးချယ့်မည့် အဖွဲ့များ အနေဖြင့် ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများ ရွေးချယ်ရာတွင် စနစ်တကျ စိစစ်ရွေးချယ်ကြဖို့လိုကြောင်း ဆွေးနွေး ပြောကြား ခဲ့ပြီး ဆွေးနွေးပွဲသို့ တက်ရောက်လာသည့် ဌာနဆိုင်ရာ တာဝန်ရှိသူများကလည်း လိုအပ်သည်များကို  ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်း သိရ သည်။

ဝင်းထွဋ်ဝင်း(ပြန်/ဆက်)