ကျိုက်မရော ဇန်နဝါရီ ၁၁
မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ်အတွင်း ပြည်သူလူထုများ၏ အသက်အိုးအိမ်စည်းစိမ်များ ပျက်စီးဆုံးရှုံးမှု မဖြစ်ပေါ်စေရန် အတွက် မြို့နယ်မီးသတ်ဦးစီးဌာမှ မီးသတ်ဦးစီးမှူးနှင့် တာဝန်ရှိ သူများက ယနေ့နံနက် ၉ နာရီခန့်က ကဒါကျေးရွာအုပ်စု ရဲမွန်ရွာရှိ ကံကောင်းခြင်းရတနာ ရာဘာအထပ်သားစက်ရုံ၏ မီးဘေးလုံခြုံရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက် ထားရှိမှု များအား ကွင်းဆင်း စစ်ဆေးခဲ့ကြကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာတွင် ကံကောင်းခြင်းရတနာရာ ဘာအထပ်သားစက်ရုံပိုင်ရှင်နှင့် တွေ့ဆုံပြီး စက်ရုံအတွင်းရှိ ကုန်ကြမ်းသစ်ခွဲ သားတန် ၃၀ နှင့် ရာဘာအထပ်သားတန် ၂၀ ခန့်ထားရှိရာ အဆောက်အဦအတွင်း မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးပစ္စည်းများ စနစ်တကျထားရှိရေးစစ်ဆေးပြီး မီးဘေးလုံခြုံမှုအတွက် အရေးပေါ်မီးသတ်ပိုက်ဖြင့် လက်တွေ့မီးငြိမ်းသတ်ခြင်းများ ကိုပါ မီးသတ်ဦးစီးမှူးနှင့် ဝန်ထမ်းများက လက်တွေ့သရုပ်ပြသပေးခဲ့ကြောင်း မြို့နယ် မီးသတ် ဦးစီးဌာနမှ ဦးစီးမှူး ဦးသန်းထိုက်ထံမှ သိရသည်။
ချိုချို(ပြန် / ဆက်)