ကမမောင်းမြို့တွင် ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးဥပဒေ၊ နည်းဥပဒေများ ရှင်းလင်းဆွေးနွေးပွဲကျင်းပ

ကမမောင်း ဇန်နဝါရီ ၁၁

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင်​ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးဥပဒေ၊ နည်းဥပဒေများ ရှင်းလင်းဆွေးနွေးပွဲကို ယနေ့နံနက်(၁၀) နာရီအချိန်က မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ဖာပွန်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ လက်ထောက်ညွန်ကြားရေးမှုး ဦးမြတ်ကိုထွေးက အဖွင့်အမှာ စကားပြောကြားပြီး ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝေဖြိုးဦးက ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေ၊ ပြင်ဆင်သည့်နည်းဥပဒေများနင့်၂၀၂၁ခုနှစ်ရပ်ကွက်/ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်ခြင်း နှင့်စပ်လျဉ်း၍ ရွေးချယ်ခြင်းလုပ်ငန်းစဉ်များအကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့​နောက် ဆွေးနွေးပွဲသို့တက်ရောက်လာသူများက သိလိုသည်များကိုမေးမြန်းကြရာ တာဝန်ရှိသူများက ပြန်လည် ရှင်းလင်းပြောကြားခဲ့သည်။ အဆိုပါဆွေးနွေးပွဲတွင် ဌာနဆိုင်ရာများမှတာဝန်ရှိသူများ၊ ရပ်ကျေး စာရေးများ၊ ရပ်ကွက်/ကျေးရွာအုပ်စုများမှ အုပ်ချုပ်ရေးမှူးများ၊ ဆယ်အိမ်မှူးများက တက်ရောက်ခဲ့ ကြောင်းသိရပါသည်။

​နော်ကွယ်ကပေါ်ဖော(ပြန်/ဆက်)