လမိုင်းမြို့တွင် ခွေးရူးရောဂါ ကာကွယ်ဆေး အိမ်တိုင်ရာရောက် အခမဲ့လိုက်လံထိုးနှံ

လမိုင်း ဇန်နဝါရီ ၁၁

မွန်ပြည်နယ်၊  မော်လမြိုင်ခရိုင်၊ လမိုင်းမြို့အတွင်း "ခွေးရူးရောဂါကင်းစင်မြန်ပြည်တစ်ခွင် ၂၀၃၀ တွင်" ရည်မှန်းချက်ဖြင့် မြန်မာနိုင်ငံ ခွေးရူးရောဂါ ကင်းစင်ရေး၊ ရောဂါကာကွယ် စောင့်ရှောက်ရေး စီမံချက်ကို အကောင်အထည်ဖော်သည့်  အနေဖြင့် ခွေးရူးရောဂါ ကာကွယ်ဆေးကို လမိုင်းမြို့ မွေးမြူရေးနှင့် ကုသရေးဝန်ကြီးဌာနမှ တာဝန်ခံဦးယမင်းက ယနေ့နံနက်ပိုင်းမှ စတင်၍ အိမ်တိုင်ရာ ရောက် အခမဲ့လိုက်လံထိုးနှံပေးခဲ့ကြောင်း သိရသည်။

မြန်မာတစ်နိုင်ငံလုံး ခွေးရူးရောဂါကင်းစင်စေရန်အတွက် စီမံချက်ချမှတ်ပြီး စီမံချက်အရ ပြည်သူများ နှင့် ပူးပေါင်းပြီး အိမ်မွေးတိရစ္ဆာန်များဖြစ်သည့် ခွေး၊ ကြောင်တွေကို ခွေးရူးရောဂါဆေး ထိုးပေးရခြင်း ဖြစ်ကြောင်း၊ ခွေးရူးရောဂါသည် ခွေးတွေအပြင် ကြောင်တွေကနေ တစ်ဆင့်လည်း လူတွေကို ခွေးရူးရောဂါ ဖြစ်ပွားကူးစက်စေနိုင်သည့်အတွက် ယခုလိုကွင်းဆင်းပြီး ဆောင်ရွက် ပေးရခြင်းဖြစ်ကြောင်း တာဝန်ခံဦးယမင်းထံမှ သိရသည်။

လမိုင်း(ပြန်/ဆက်)