ယင်းမာပင်ခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဝန်ထမ်းအိမ်ရာ (၄) ခန်းတွဲ နှစ်ထပ် ဆောင် ဆောက်လုပ်ရန် ပန္နက်ချပွဲကျင်းပ

ယင်းမာပင်   ဇန်နဝါရီ   ၁၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ဝန်ထမ်း အိမ်ရာ (၄) ခန်းတွဲ နှစ်ထပ်ဆောင် ဆောက်လုပ်ရန် ပန္နက်ချပွဲကို ယနေ့ နံနက် ၇ နာရီက ဝန်ထမ်းအိမ်ရာ ဆောက်လုပ်မည့်နေရာ၌ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ပန္နက်ချပွဲတွင် ယင်းမာပင်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒု-ခရိုင်အုပ်ချုပ်ရေးမှူး ဦးချစ် ကိုကို၊ ခရိုင်စီမံကိန်းဦးစီးမှူး ဒေါ်နှင်းနှင်းလှိုင်၊ ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးသန့်စင်စိုး၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီး မှူး ဦးသန်းဌေးတို့က သတ်မှတ်နေရာများတွင် ပန္နက်ချခြင်းများ ဆောင်ရွက်ပေးခဲ့ကြသည်။

အဆိုပါ ဝန်ထမ်းအိမ်ရာ တည်ဆောက်ခြင်းကို ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာရေးနှစ် ကျေးလက်ဒေသဖွဲ့ဖြိုး တိုးတက်ရေးဦးစီးဌာန ငွေလုံးငွေရင်း မူလခွင့်ပြုရန် ပုံငွေ ကျပ်သန်း (၁၈၁.၄၆၃ ) ဖြင့် အုတ်သံပန်း RC တိုင် (၉။၉။)၊ ခြံစည်းရိုး (၁၉၀။ ၅၊)၊ အုတ်ခြံစည်းရိုး (၃၅၀။ ၅၊) ရှိ (၄) ခန်းတွဲနှစ်ထပ် အဆောက် အအုံဖြစ်ပြီး Lwin Kabar ကုမ္ပဏီမှ တာဝန်ယူတည်ဆောက် သွားမည်ဖြစ်ကြောင်း သိရသည်။

သန်းဌေးအောင်(ကနီ)