ပေါက် မတ် ၁၂
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက်မြို့ အ.ထ.က စာစစ်စာဌာနတွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ယမန်နေ့နံနက်ပိုင်းမှ စတင်ဖြေဆိုခဲ့ကြသည်။
ပေါက်မြို့ အ.ထ.က စာစစ်ဌာန တက္ကသိုလ်ဝင်စာမေးပွဲကို အ.ထ.က(ပေါက်)မှ စာရင်းသွင်းထားသည့် ကျောင်းသား/ကျောင်းသူ (၁၃၇)ဦး၊ ပျက်ကွက်သူ (၂၃)ဦး၊ ဖြေဆိုသူ (၁၁၄) ဦးဖြစ်ပြီး (၈၃.၂၁) ရာခိုင်နှုန်း ဖြေဆိုခဲ့ကြောင်း သိရသည်။
တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်စွာဖြေဆိုနိုင်ရေးအတွက် ပေါက်မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပညာရေးဌာနမှ တာဝန်ရှိသူများက ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး ကျောင်းသား/ကျောင်းသူများ အေးချမ်းသာယာပျော်ရွှင်စွာ စာမေးပွဲဖြေဆိုလျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)