ကျောက်တံခါး ဇန်နဝါရီ ၁၂
ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်သို့ ယမန်နေ့က ကျန်းမာရေး သုံးပစ္စည်းများ လာရောက်၍ လှူဒါန်းခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုရန်အတွက် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ ကျောက်တံခါး မြို့နယ်အတွင်းရှိ ကျောက်တံခါးဆးရုံ၊ ဖဒိုဆေးရုံ၊ ပဲနွယ်ကုန်းဆေးရုံ၊ အောင်မြင်ဆေးရုံများအတွက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးသုံး ပစ္စည်းများ ဖြစ်သည့် UV Lamp-Instant Disinfection၊ PPE၊ Surgical Gown၊ KN N95 Mask 18650s၊ KN 95 Mask 18650 (3M)၊ Face Shield၊ Plastic Apron၊ ခေါင်းစွပ်၊ လက်အိတ်၊ ခွဲစိတ်ခန်းသုံး လက်အိတ်၊ ရေမလိုလက်သန့်ဆေးရည်၊ ကယ်လိုရင်း ပိုးသတ်ဆေး၊ အရက်ပျံ၊ဘောလ်ပင်စသည့် ပစ္စည်းများ စုစုပေါင်းတန်ဖိုးငွေကျပ် (၇,၃၄၆,၄၅၆/-)(ခုနစ်ဆယ့်သုံးသိန်း လေးသောင်းခြောက်ထောင် လေးရာငါးဆယ့်ခြောက်ကျပ်တိတိ/-) ကို ပေးအပ်လှူဒါန်းခဲ့ရာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးခင်မောင်ဦး၊ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူးဒေါက်တာ သန့်လွင်၊ ဖဒို၊ ပဲနွယ်ကုန်း၊ အောင်မြင်မြို့များမှ ကျန်းမာရေး ဦးစီးဌာန မှူးနှင့် ဝန်ထမ်း များက အသီးသီး လက်ခံရယူခဲ့ကြောင်း သိရသည်။
စန်းစန်း(ပြန်/ဆက်)