ကျောက်တံတား ဇန်နဝါရီ ၁၂
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကျောက်တံတားမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ရန်အတွက် Mask နှင့် Face shield မဖြစ်မနေ တပ်ဆင်ရေး အသိပေးနှိုးဆော်ခြင်းနှင့် Mask Campaign ပြုလုပ်ခြင်းကို ယမန်နေ့ညနေ (၃:၃၀)နာရီက ဆူးလေဘုရားလမ်း၊ မဟာဗန္ဓုလ ပန်းခြံလမ်း၊ ဘဏ်လမ်းတစ်လျှောက်ရှိ ကားမှတ်တိုင်များရှိ ပြည်သူများနှင့် စျေးဆိုင်များသို့ သွားရောက် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် အမှတ်(၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်အထွေထွေ ချုပ်ရေး ဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး နှင့် ၀န်ထမ်းများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ ရပ်ကွက် အုပ်ချုပ် ရေးမှူးတို့ ပူးပေါင်း၍ အသိပညာပေး လက်ကမ်းစာဆောင်များ ဖြန့်ဝေခြင်း၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အတွက် ဆောင်ရန်၊ ရှောင်ရန် အချက်များကို Hand Speaker ဖြင့် အသိပညာပေး နှိုးဆော်ခြင်း၊ Mask (၁၀၀၀)နှင့် Face shield (၁၅၀)တို့ကို ပြည်သူများအား ဖြန့်ဝေပေးခြင်း တို့ကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ မျက်နှာနှင့် နှာခေါင်းစည်း မဖြစ်မနေ တပ်ဆင်ရေး လူထုလှုပ်ရှားမှုအား အပတ်စဉ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ရွှေနန်းမေ