ကလေးမြို့နယ် ကျွန်းတောကျေးရွာတွင် စိုက်ပျိုးလျက်ရှိသည့် ဂျုံ(၈)မျိုးစမ်းသက်ကွက်အား ကွင်းဆင်းစစ်ဆေး

ကလေး ဇန်နဝါရီ ၁၂

စစ်ကိုင်တိုင်းဒေသကြီး ကလေးမြို့နယ် ထိုမာနည်းပညာပြန့်ပွားရေး စင်တာအတွင်းရှိ ကျွန်းတောကျေးရွာတွင် ကလေးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနနှင့် စိုက်ပျိုးရေး သုတေသန ဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် ဂျုံ(၈) မျိုး စမ်းသပ်ကွက်အား ယနေ့နံနက်ပိုင်းက ခရိုင်မျိုးစေ့တာဝန်ခံ နှင့်နည်းပညာပြန့်ပွားရေးစင်တာမှ တာဝန်ရှိသူများက ကွင်းဆင်း စစ်ဆေး လျက်ရှိကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ကလေးခရိုင်မျိုးစေ့တာဝန်ခံ ဦးစီးအရာရှိဒေါ်ခင်စန်းမြင့်နှင့် ထိုမာနည်းပညာ ပြန့်ပွား ရေးစင်တာမှ ဒု-လက်ထောက်ဦးစီးမှူး ဦးဝင်းမင်းဦးနှင့် တာဝန်ရှိသူများသည် ဂျုံမျိုးများ အပင်ဖြစ်ထွန်းမှုရှိကို လည်းကောင်း၊ မြေဩဇာလိုအပ်မှုများနှင့် မျိုးစေ့အရည်အသွေးများကို စစ်ဆေးဆေးခဲ့ကြပြီးတက်ရောက်လာကြသည့် တောင်သူများအား မျိုးစေ့ထုတ်ခြင်းမှ ရရှိလာမည့် အကျိုး ကျေးဇူးများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်။

ကလေးမြို့နယ် ကျွန်းတောကျေးရွာတွင် ဂျုံစမ်းသပ်ကွက်(၄)ကွက် စိုက်ပျိုးလျက်ရှိပြီး ကလေးမြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနအနေဖြင့် စိုက်ပျိုးရေး တောင်သူများအခက်အခဲရှိပါက သက်ဆိုင်ရာနည်းပညာ ပြန့်ပွားရေးစင်တာ များမှချိတ်ဆက်ကာအချိန်နှင့်တစ်ပြေးညီ ဆွေးနွေး မေးမြန်းနိုင်ကြောင်းသိရသည်။

ထန်းဖုန်(ပြန်/ဆက်)