ကျောက်ထု ဇန်နဝါရီ ၁၂
မကွေးတိုင်းဒေသကြီး ဂန့်ဂေါခရိုင် ကျောက်ထုမြို့ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း ဝန်ထမ်းများက တရားမဝင် လျှပ်စစ်ဓာတ်အားသုံးစွဲမှု မရှိစေရေးနှင့် ပျောက်ဆုံးယူနစ်များ လျှော့နည်းစေရေးအတွက် မီတာ ဘောက်များအား လိုက်လံစစ်ဆေး ခြင်းကို ယမန်နေ့ နံနက်ပိုင်းမှ စတင် ဆောင်ရွက်လျက်ရှိသည်။
ကျောက်ထုမြို့သည် ၂၀၀၇ ခုနှစ်မှစတင်၍ ၃၀၀KVA ဒီဇယ်အင်ဂျင်စက်ဖြင့် ကျောက်ထု မြို့ပေါ်ရှိ မြို့မရပ် ကွက်နှင့် ဂုံဘိုရပ်ကွက်များအား ကျောက်ထုမြို့ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းမှ မီးစတင်တပ်ဆင် ဖြန့်ဖြူးပေးခဲ့ပြီး (၃၀-၁-၂၀၁၇)ရက်နေ့မှစတင်၍ နိုင်ငံတော်၏ မဟာဓာတ်အားလိုင်းမှ လျှပ်စစ်မီး ဖြန့်ဖြူး ပေးခဲ့သည်။
ယခုအခါ နိုင်ငံတော် မဟာဓာတ်အားလိုင်းမှ ကျောက်ထုမြို့ (၃)ရပ်ကွက် အပါအဝင် ကျေးရွာပေါင်း (၃၀)အား မဟာဓာတ်အားလိုင်းမှ လျှပ်စစ်မီး သွယ်တန်း ပို့လွှတ်ခဲ့ပြီး ဖြစ်သည့်အပြင် ကျောက်ထုမြို့ လျှပ်စစ်မှူးရုံးတွင် အိမ်ထောင်စု (၂၀၉၆) စုအား လျှပ်စစ်မီးဖြန့်ဖြူးပေးပြီးဖြစ်သည်။
ထိုသို့လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရာတွင် အိမ်သုံးမီတာဘောက် များနှင့် လုပ်ငန်းမီတာ ဘောက်များဟူ၍ အမျိုးအစားခွဲခြား ဖြန့်ဖြူးပေးလျက်ရှိရာ အဆိုပါ မီတာဘောက် များမှ တရားမဝင် သွယ်ယူအသုံးပြုခြင်းနှင့် ပျောက်ဆုံးယူနစ်များ လျှော့နည်းပပျောက်စေရေး အတွက်လိုက်လံစစ်ဆေးရခြင်းဖြစ်ကြောင်း လျှပ်စစ် ဓာတ် အား ဖြန့်ဖြူးရေ:လုပ်ငန်းမှ လျှပ်စစ်မှူးဦးဗိုင်နော်ရိန်း၏ ပြောကြားချက် အရသိရှိရသည်။
မောဟေမာန်(ပြန်/ဆက်)