ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေး ဥပဒေ၊ နည်းဥပဒေများ ပြင်ဆင်သည့် ဥပဒေ၊ နည်းဥပဒေများ အလုပ်ရုံဆွေနွေးပွဲကျင်းပ

ဟုမ္မလင်း ဇန်နဝါရီ ၁၂

စစ်ကိုင်းတိုင်းဒေကြီး၊ ခန္တီးခရိုင် ဟုမ္မလင်း မြို့တွင် ရပ်ကွက် ကျေးရွာအုပ်ချုပ်ရေးဥပဒေ၊ နည်းဥပဒေများ ပြင်ဆင်သည့် ဥပဒေနည်းဥပဒေများ အလုပ်ရုံဆွေနွေးပွဲကို ယမန်နေ့ နံနက် ၁၁ နာရီတွင် ဟုမ္မလင်းမြို့ မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာအစည်းအဝေးခန်းမတွင် ကျင်းပ သည်။

ရှေးဦးစွာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးညွန့်က အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ် စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ ဦးထင်ကျော်က လမ်းညွန်အမှာစကား ပြောကြားသည်။

ဆက်လက်၍ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သိန်းထွန်းက ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်ခြင်းနှင့် စပ်လျဉ်း၍ ရွေးချယ်ခြင်းလုပ်ငန်းစဉ်များအား ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရသည်။

ဟုမ္မလင်းပြန်/ဆက်