ထီးလင်း၌ မြို့မ စည်ပင်သာယာဈေး ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေး ဆောင်ရွက်

ထီးလင်း  ဇန်နဝါရီ  ၁၂

မကွေးတိုင်းဒေသကြီး ဂန့်ဂေါခရိုင် ထီးလင်းမြို့ မြို့မစည်ပင်သာယာဈေး ပတ်ဝန်းကျင်၌ မီးဘေးလုံခြုံရေးနှင့်အတူ သန့်ရှင်းသာယာ လှပရေးအတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့က ယမန်နေ့ နေ့လယ်ပိုင်းတွင် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ယင်းသို့ဆောင်ရွက်ရာတွင် ထီးလင်းမြို့ မြို့မ စည်ပင်သာယာဈေး ပတ်ဝန်းကျင်နေရာ၌ မီးဘေး အန္တရာယ် လုံခြုံရေး၊ သွားလာမှုအဆင်ပြေ လွယ်ကူစေရေးနှင့်သန့်ရှင်းသန့်ရပ် သာယာလှပ စေရေး တို့အတွက် အမှိုက်သရိုက်များ ရှင်းလင်းခြင်း၊ မြေညှိ/မြေဖို့ခြင်းများကို ဆောင်ရွက်လျက ရှိပြီး ထီးလင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့ အနေဖြင့် မြို့တွင်း သန့်ရှင်းသာယာလှပရေး အမှိုက်သိမ်း မော်တော်ယာဉ်ဖြင့် မီးဖိုချောင်သုံး အမှိုက်များအား လိုက်လံသိမ်းဆည်း ဆောင်ရွက်ခြင်း၊ ဘဏ္ဍာနှစ်အလိုက် မြို့ပေါ်ရပ်ကွက် လမ်းများအား အဆင့်မြှင့်တင် ခင်းကျင်း ဆောင်ရွက်ခြင်း၊ မြို့ဝင်/ မြို့ထွက် ဆိုင်းဘုတ်နေရာများတွင် သန့်ရှင်းရေး ဆောင်ရွက်ခြင်းနှင့် ပန်း,အလှပင်များ စိုက်ပျိုးခြင်း စသည်တို့ကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အောင်စည်(ပြန်/ဆက်)