မင်းလှမြို့တွင် အမှတ်(၈)လမ်းအား ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းဆောင်ရွက်

အထက်မင်းလှ  ဇန်နဝါရီ ၁၂

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့တွင် မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာ လှပရေး၊ ယာဉ်အန္တရာယ် ကင်းရှင်းစေရန်အတွက် ရည်ရွယ်၍ မင်းလှမြို့နယ် စည်ပင် သာယာရေးအဖွဲ့မှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ရုံးရပ်ကွက် မြောက်ပိုင်းရပ်ကွက်ရှိ အမှတ် (၈) လမ်း ကွန်ကရစ်ခင်းခြင်း လုပ်ငန်းကို ဇန်နဝါရီ ၁ ရက်နေ့တွင် စတင်ဆောင်ရွက်လျက်ရှိ‌ကြောင်း သိရသည်။

အဆိုပါ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် မင်းလှမြို့ ရုံးရပ်ကွက်မြောက်ပိုင်း၊ အမှတ်(၈)လမ်းတွင် ပြုလုပ်သည့် ကွန်ကရစ် ခင်းခြင်း  လမ်းအရှည်  ၉၃၅ ပေ၊ လမ်းအကျယ် ၁၂ပေ၊ ထု ၈ လက်မ ရှိကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းအား ခွင့်ပြုရန်ပုံ ငွေကျပ် ၂၁၅၇၃၀၀၀ ဖြင့် လုပ်ငန်း ဆောင်ရွက်နေမှုအား အငယ်တန်းအင်ဂျင်နီယာ-၃ ဒေါ်နှင်းယုအေးမှ ကြီးကြပ် ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

ဇာဇာ (အထက်မင်းလှ)