ဝက်လက်မြို့နယ်၌ သံပယိုခြံစိုက်တောင်သူများအနေဖြင့် မိသားစု စားဝတ်နေရေး အဆင်ပြေ

ဝက်လက် ဇန်နဝါရီ ၁၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ် ကျောက်တိုင်ကျေးရွာအုပ်စု၊ မူးကန်းလေး ကျေးရွာတွင် သံမယိုခြံ စိုက်တောင်သူများ  အပိုဝင်ငွေရရှိကာ မိသားစု စားဝတ် နေရေး အဆင်ပြေလျက်ရှိကြောင်း သိရသည်။

သံမယိုပင်စတင် စိုက်ပျိုးတော့မည်ဆိုလျှင်  မြေကို  ညက်အောင်ထွန်ယက်ကာ ပျိုးပင်ကို ဝယ်ယူပြီး တစ်ပင်နှင့် တစ်ပင် (၁၂)  တောင်ခြား စိုက်ရပြီး၊ တစ်ဧကဆိုလျှင် အပင် (၁၄၀) ခန့် စိုက်ပျိုးရ ကြာင်း တစ်နှစ်လျှင် တစ်ကြိမ်သာ  ပိုးသတ်ဆေး ဖျန်းပေးရကြာင်း သိရသည်။

တစ်ဧက စိုက်ပျိုးလျှင် ကုန်ကြစရိတ်မှာ (၅၀၀၀၀)  ကျပ်သာ ကုန်ကျသော်လည်း၊ အပင် (၃) နှစ် သားအရွယ်တွင် အသီးခူး ကာရောင်းချရကြောင်း ၊တစ်ပတ်လျှင် (၁) ကြိမ်သာ ခူးကာ၊ တစ်ခါ ခူးလျှင် (၉)  တင်းခန့်ရရှိပြီး ၊ယခုအချိန်တွင် (၃) တင်း ဝင်အိတ်၊တစ်အိတ်လျှင် (၈၀၀၀)  ကျပ်ခန့်သာ ရောင်းချရသော်လည်း  နွေရာသီ တစ်ပေါင်းလ နှင့် တခူးလများတွင် (၃) တင်း ဝင်အိတ်၊ တစ်အိတ်လျှင် (၄၅၀၀၀)  ကျပ်ခန့် ရောင်းချရကြောင်း သိရှိရပြီး ဝက်လက်မြို့နယ် အတွင်း တည်တောကျေးရွာနှင့် ခေါတောကျေးရွာ တို့တွင် လည်း သံမယိုခြံများ  စိုက်ပျိုးထား ကြောင်း၊ သံမယိုစိုက်ပျိုးခြင်းကြောင့် မိသားစုအပိုဝင်ငွေရရှိကာ စားဝတ်နေရေး အဆင်ပြေ လျက်ရှိကြောင်း သိရှိရပါသည်။

စိုးစိုးလှိုင် (ဝက်လက်)