ရန်ကင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး Yellow Campaign များ အရှိန်အဟုန်မြှင့်ဆောင်ရွက်

ရန်ကုန်  ဇန်နဝါရီ  ၁၂

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်မှု၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့်ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေးနှင့်ပတ်သက်သော အသိပညာပေး Yellow Campaign ကို ပြည်သူများ ပိုမိုသတိချပ်လိုက်နာနိုင်အောင် ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ မြို့နယ်များတွင် ကျယ်ကျယ်ပြန့်ပြန့် နှိုးဆော်လျက်ရှိသည်။

ထိုသို့နှိုးဆော်ရာတွင် ယမန်နေ့ညနေ ၄ နာရီက ရန်ကင်းမြို့နယ် အမှတ်(၂)ရပ်ကွက် ညနေဈေးနှင့် အမှတ်(၁၁)ရပ်ကွက် ဘူတာရုံ လမ်းတို့တွင် ဌာနဆိုင်ရာများ ပါဝင်သော မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်း ကော်မတီဝင် များ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များက Mask များဝေငှပေးခြင်း၊ အသိပညာပေး လက်ကမ်း စာစောင် များ ဖြန့်ဝေပေးခြင်း၊ အသံချဲ့စက်များဖြင့် အသိပညာပေးခြင်းတို့ကို  အဝါရောင်ဆင်တူ အင်္ကျီများဝတ်ဆင်၍ Yellow Campaign ကို ဆောင်ရွက်ခဲ့ ကြသည်။

ရန်ကင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့နယ်ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန် ရေး လုပ်ငန်း ကော်မတီဝင်များက မြို့နယ်အတွင်း နေအိမ်ပြင်ပသို့ သွားလာနေကြသော ပြည်သူများအား နေ့စဉ် Mask များတပ်ဆင် မှု ရှိ/မရှိ စစ်ဆေးခြင်း၊ အပတ်စဉ် Mask များဝေငှခြင်းစသော Mask Campaign များ၊ Yellow Campaign များကို အရှိန်အဟုန်မြှင့် ဆောင်ရွက် လျက်ရှိကြောင်း မြို့နယ်ကိုဗစ်ကော်မတီမှ သိရသည်။

လင်းလင်းထွန်း(ရန်ကင်း)