ဒဂုံမြောက် ဇန်နဝါရီ ၁၂
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုမှ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် Mask Campaign ပြုလုပ်ခြင်းနှင့် ပါးစပ်၊ နှာခေါင်းစည်း (Mask) မတပ်သူများအား စစ်ဆေး အရေးယူခြင်းကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၈ နာရီက မြို့နယ် အတွင်းရှိ (၄၁)ရပ်ကွက်၊ (၄၁)စျေးတွင် မြို့နယ် ကိုဗစ်-၁၉ စည်းကမ်းထိန်းသိမ်းရေး အဖွဲ့ဝင်များ ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Mask Campaign ပြုလုပ်ခြင်းနှင့် ပါးစပ်၊ နှာခေါင်းစည်း (Mask) မတပ်သူများအား စစ်ဆေး ကြပ်မတ် အရေးယူခြင်းကို မြို့နယ် ကိုဗစ်-၁၉ ရောဂါ အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီနှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးများ ပါဝင်သော ပူးပေါင်းအဖွဲ့မှ ပါးစပ်နှာခေါင်းစည်း (mask) တပ်ဆင်ထားခြင်း မရှိသော စျေးအတွင်းရှိ စျေးသူစျေးသား များနှင့် စျေးဝယ်လာသူများအား Mask Campaign ပြုလုပ်ပြီး လမ်းသွားလမ်းလာများ၊ စက်ဘီး၊ ဆိုင်ကယ်၊ မော်တော်ယာဉ်များပေါ်တွင် လိုက်ပါလာသူများအား ပါးစပ်၊ နှာခေါင်းစည်း တပ်ဆင်ခြင်း မရှိသူများ၊ စည်းကမ်းမလိုက်နာသူ များအား (Mask)တပ်ဆင်စေပြီး အသိပညာ ပေးခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ Mask Campaign ပြုလုပ်ခြင်းနှင့် ပါးစပ်၊ နှာခေါင်းစည်း(mask) မတပ်သူများအား စစ်ဆေးကြပ်မတ် အရေးယူဆောင်ရွက်ခြင်းတွင် အပြင်ထွက်တိုင်း ပါးစပ်၊ နှာခေါင်းစည်း (Mask) တပ်ဆင်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များ အား လိုက်နာဆောင်ရွက်ရန် အသိပညာပေး ပြောကြားဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြင့်မြင့်ရီ(ပြန်/ဆက်)