ရှမ်းရွာသစ်မြို့ ကွီးလေးကျေးရွာအုပ်စု၊ ကမားထကျေးရွာတွင် တန်ဖိုးနည်းဝန်ထမ်းအိမ်ယာတည်ဆောက်ခြင်း လုပ်ငန်း (၆၀)ရာခိုင်နှုန်းပြီးစီး

ရှမ်းရွာသစ်    ဇန်နဝါရီ  ၁၂

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ဒေသနေပြည်သူများ၏ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်စေရန်နှင့် ပညာရေးကဏ္ဍ တိုးတက်စေရန်ရည်ရွယ်ပြီး ဘဏ္ဍာနှစ်အလိုက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခွင့်ပြုရန်ပုံငွေဖြင့် ကွီးလေးကျေးရွာအုပ်စု ကမားထကျေးရွာ အခြေခံပညာမူလတန်းကျောင်း၏ ဆရာ၊ ဆရာမများ နေထိုင်ရန်အတွက် တန်ဖိုးနည်းဝန်ထမ်းအိမ်ယာ တည်ဆောက်ခြင်းလုပ်ငန်းကို ဒီဇင်ဘာလ ဒုတိယပတ်မှစ၍ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

အဆိုပါလုပ်ငန်းတွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ခွင့်ပြုရန်ပုံ ငွေကျပ် (၈၂)သိန်းဖြင့် အလျား(၂၀)ပေ၊ အနံ(၂၃)ပေ၊ သွပ်မိုး၊ အုတ်ကာ တန်ဖိုးနည်း ဝန်ထမ်းအိမ်ယာကို တည်ဆောက်လျက်ရှိရာ လုပ်ငန်းတာဝန်ရှိသူများတို့က သတ်မှတ်စံချိန်စံညွန်းနှင့်အညီ ပြည့်မီစေရေးနှင့် လုပ်ငန်းနှောင့်နှေးကြံ့ကြာမှု မရှိစေရေးတို့ကို အနီးကပ်ကြီးကြပ်ဆောင်ရွက်လျက်ရှိပြီး ယခုအခါ (၆၀)ရာခိုင်နှုန်းပြီးစီးပြီးဖြစ်ကြောင်း၊ ၎င်းလုပ်ငန်း ဆောင်ရွက်ပြီးစီးပါက ပညာရေး ကဏ္ဍလုပ်ငန်းများ တိုးတက်အောင် ဆောင်ရွက်ပေးနေသော ဆရာ၊ ဆရာမများ ယခင်ကထက်ပိုမိုအဆင်ပြေစွာ နေထိုင်နိုင်မည်ဖြစ် ကြောင်း သိရှိရသည်။

ဝေဠု (ပြန်/ဆက်)