လှိုင်းဘွဲ မတ် ၁၇
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ (Grade-12) ဇီဝဗေဒနှင့် ဘောဂဗေဒဘာသာရပ်ကို ယနေ့နံနက်ပိုင်းတွင် လှိုင်းဘွဲမြို့အခြေခံပညာအထက်တန်းကျောင်းစာစစ်ဌာန၌ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
လှိုင်းဘွဲမြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း(၁၆)ကျောင်း၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ကျောင်း(၉)ကျောင်း၊ ကိုယ်ပိုင်အထက်တန်းကျောင်း(၂)ကျောင်းတို့မှ ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ဇီဝဗေဒနှင့်ဘောဂဗေဒဘာသာရပ်ကို ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူ စာရင်းရှိ (၅၄၀)ဦးအနက် ဝင်ရောက်ဖြေဆိုသူ(၅၂၀)ဦး၊ ဖြေဆိုရန်ပျက်ကွက်(၂၀)ဦးရှိကြောင်း သိရ သည်။
အဆိုပါတက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုနေသည့်ကာလအတွင်း ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ စစ်ဗျူဟာအဖွဲ့(အခြေချ)လှိုင်းဘွဲမှ တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများက ပူးပေါင်းပါဝင်ခဲ့ကြကြောင်း၊ စာမေးပွဲဖြေဆိုနေသော ကျောင်းသား၊ ကျောင်းသူများအတွက် စစ်ဗျူဟာအဖွဲ့(အခြေချ)လှိုင်းဘွဲ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စိုးမင်းအောင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းလင်းအောင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် အလှူရှင်များက စုပေါင်း၍ အချိုရည်၊အအေးဗူးများကို ပေးဝေခဲ့ကြကြောင်း သိရသည်။
စောဒိ(ပြန်/ဆက်)