ကော့ကရိတ် ဇန်နဝါရီ ၁၂
ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကမ္ဘာ့ဘဏ်အကူအညီဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နေသော လူထုဗဟိုပြုစီမံကိန်း (တတိယနှစ်စက်ဝန်း)တွင် နောင်ကိုင်း ကျေးရွာ အုပ်စု၊ နောင်ကိုင်းကျေးရွာ ရွာတွင်းဂဝံ မြေသားလမ်းခင်းခြင်းလုပ်ငန်းကို ယမန်နေ့က ကျေးရွာ ကော်မတီဝင်များဦးဆောင်၍ စတင်အကောင်ထည်ဖော်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဂဝံမြေသားလမ်းသည် ကော့တိုးကျေးရွာနှင့် ချိတ်ဆက်လျက်ရှိပြီး လူထုဗဟိုပြုစီမံကိန်း ထောက်ပံ့ငွေ ကျပ် (၁၇၉)သိန်းဖြင့် ဆောင်ရွက်မည်ဖြစ်ကြောင်း အတိုင်းအတာအားဖြင့် (အရှည် ၃၀၀၀ ပေ ၊ အကျယ် ၁၂ပေ ၊ ထု ၁ ပေခွဲ)လုပ်ငန်းကို လူထုဗဟိုပြုစီမံကိန်းမှ လက်ထောက်နည်းပညာမှူး ဒေါ်သဲစုရည် လူထုစည်းရုံးရေးမှူး နော်မေးရီယာဖော တို့မှ အနီးကပ်ကြီးကြပ်မှု၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနနှင့် မြို့နယ် နည်းပညာအကြံပေးအဖွဲ့တို့၏ စနစ်တကျလမ်းညွှန်မှုများဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပြီး ရာနှုန်းပြည့်ပြီးစီးသွားပါက ကျေးရွာမှ အိမ်ထောင်စု (၈၅)စု၊ လူဦးရေ (၅၄၁)ဦးတို့၏ မိုးရာသီနှစ်စဉ်ကြုံတွေ့ နေရသော လမ်းပန်းဆက်သွယ်ရေး အခက်အခဲမှကင်းဝေးလျက် ပညာရေး၊ ကျန်းမာရေး၊ စီပွားရေး၊ လူမှုရေးများအတွက် အဆင်ပြေကောင်းမွန်စွာ သွားလာနိုင်မည်ဖြစ်ကြောင်းသိရှိရသည်။
ခင်မျိုးဝင်း(ခရိုင်/ပြန်ဆက်)