ကြည့်မြင်တိုင်မြို့နယ်တွင် ပြည်သူ့အကျိုးပြု ရေစီးရေလာကောင်းမွန်ရေး လုပ်ငန်းများ ဆောင်ရွက်

ကြည့်မြင်တိုင် ဇန်နဝါရီ ၁၂

ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကြည့်မြင်တိုင်မြို့နယ် စည်ပင်သာယာ​ရေး​ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် မြို့နယ်အတွင်း ရေစီးရေလာ ကောင်းမွန်ရေး အတွက် လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက် ၉ နာရီအချိန်က ကမ်းနားလမ်းမကြီးဘေး သာဓု အနောက် ရပ်ကွက် ဘက်ခြမ်း ရေစီးမြောင်း ရေစီးရေလာကောင်းမွန်ရေး အမှိုက်၊ နုံးများ ဆယ်ယူရှင်းလင်းခြင်းနှင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် တိုင်းဒေသ ကြီး အစိုးရခွင့်ပြုမှုဖြင့် သာဓု အရှေ့နိဗ္ဗာန်လမ်းရှိ ရေမြောင်းဖုံးပါ ရေမြောင်းသစ် အကောင် အထည်ဖော်ဆောင်ရွက်နေ သည့် လုပ်ငန်း အခြေအနေအား ကွင်းဆင်းကြည့်ရှုစစ်​ဆေးခဲ့​ကြောင်း သိရသည်။

အဆိုပါ ပြည်သူ့အကျိုးပြု ​ရေစီး​ရေလာလုပ်ငန်းများ​ ဆောင်ရွက်ရာသို့ မြို့နယ်စည်ပင် သာယာ​ရေး​ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရေစီး​ရေလာ လုပ်ငန်းအဖွဲ့ မြို့နယ်တာဝန်ခံ တို့နှင့်အတူ အကောင်အထည်ဖော် ဆောင်ရွက်နေသည့် လုပ်ငန်းအခြေအနေအား ကွင်းဆင်းကြည့်ရှုပြီး လိုအပ်သည်များကို ညှိနှိုင်းဆွေးနွေး ဆောင်ရွက်ခဲ့​ကြောင်း သိရသည်။

ခိုင်ဇာလင်း (ပြန်/ဆက်)