တောင်ငူမြို့၌ ၂၀၂၅ ခုနှစ်၊ အစိုးရပါဠိပထမပြန်စာမေးပွဲ၊ စာအောင်သံဃာတော်များနှင့် သီလရှင်များအား ချီးမြှင့်ပူဇော်သည့် စူဠဘွဲ့နှင်းသဘင်အခမ်းအနား ကျင်းပ

တောင်ငူ မတ် ၁၇

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ သာသနာ့ဗိမာန်တော်ကြီး၌ ၂၀၂၅ ခုနှစ်၊ အစိုးရပါဠိပထမပြန်စာမေးပွဲ၊ စာအောင်သံဃာတော်များနှင့် သီလရှင်များအား ချီးမြှင့်ပူဇော်သည့် စူဠဘွဲ့နှင်းသဘင်အခမ်းအနားကို ယမန်နေ့ နေ့လယ် ၁ နာရီအချိန်က ကျင်းပခဲ့သည်။

ထိုသို့ကျင်းပရာတွင် နိုင်ငံတော်သြဝါဒါစရိယ ကြာနီကန်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တသူရိယထံမှ ဧည့်ပရိတ်သတ်များက ကိုးပါးသီလ ခံယူဆောက်တည်ကြသည်။

ထို့နောက် တောင်ငူခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစောထွန်းဦးက သာသနာရေးဆိုင်ရာများကို လျှောက်ထားခဲ့သည်။ ယင်းနောက် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစောထွန်းဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဉာဏ်လင်းအောင်နှင့် အဖွဲ့ဝင်များက ဆရာတော် အရှင်သူမြတ်များအား လှူဖွယ်ဝတ္တုပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး ပထမကြီးတန်းစာအောင် သံဃာတော် ()ပါး၊ ပထမလတ်တန်းစာအောင်သံဃာတော် ()ပါး၊ ပထမငယ်တန်းစာအောင်သံဃာတော် (၁၅)ပါး၊ မူလတန်းစာအောင်သံဃာတော် (၄၁)ပါးနှင့် သီလရှင် () ပါး၊ စုစုပေါင်း စာအောင် (၆၃)ပါးတို့အား   စာအောင်လက်မှတ်နှင့် စာအောင်ဆုများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ထို့နောက် ကြာနီကန်ဆရာတော်အရှင်​​မြတ်ထံမှ အနုမောဒနာတရားနာယူ၍ အမျှပေးဝေကာ အလှူရှင်များက ဆွမ်းဆန်စိမ်း လောင်းလှူခဲ့ကြောင်း သိရသည်။

ဇော်ကိုကို (တောင်ငူ)