မကွေး မတ် ၁၈
တတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေးသို့ တက်ရောက်မည့် လွှတ်တော်ကိုယ်စားလှယ်များအား မတ်လ ၁၆ ရက်နေ့က တိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအမံဖြင့် မကွေးမြို့၊ ပြည်သူ့ဆေးရုံကြီးတွင် ကျန်းမာရေးစစ်ဆေးမှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကျန်းမာရေးစစ်ဆေးမှုများ ဆောင်ရွက်ပေးရာတွင် တိုင်းဒေသကြီးကုသရေးဦးစီးဌာနမှ ပါမောက္ခ၊ တွဲဖက်ပါမောက္ခနှင့် အထူးကုဆရာဝန်ကြီးများ၊ ကျန်းမာရေးဝန်ထမ်းများက တတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး တက်ရောက်မည့် တိုင်းဒေသကြီးအတွင်းမှ လွှတ်တော်ကိုယ်စားလှယ် ၄၆ ဦး၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ၁၅ ဦး၊ စုစုပေါင်း လွှတ်တော်ကိုယ်စားလှယ် ၆၁ ဦးတို့ကို လိုအပ်သော ကျန်းမာရေးစစ်ဆေးမှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ လွှတ်တော်ကိုယ်စားလှယ်များအား ကျန်းမာရေးစစ်ဆေးမှုများ ဆောင်ရွက်ပေးနေမှုကို မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး/ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများက သွားရောက်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
ကိုရဲ (ပြန်/ဆက်)