စေတုတ္တရာ မတ် ၁၈
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့ မူလတန်းကြိုကျောင်းတွင် ၂၀၂၅-၂၀၂၆ ခုနှစ် ပညာသင်နှစ် ရင်သွေးငယ်လေးများ၏ ကျောင်းဆင်းဂုဏ်ပြုလက်မှတ်ပေးအပ်ပွဲနှင့် ပဒေသာကပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ဆက်လက်၍ မူကြိုရင်သွေးငယ်လေးများက “ရွှေရိုးမှာလည်း အသည်းနဲ့ပါ၊ ဘိုကေ၊ နေကာမျက်မှန်” စသည့် တေးသီချင်းများဖြင့် ကပြဖျော်ဖြေခဲ့ကြသည်။
ထို့နောက် တက်ရောက်လာကြသည့် ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများက မူလတန်းကြိုကျောင်းတွင် ကျောင်းဆင်းမည့် ကျောင်းသား/သူတို့အား ကျောင်းဆင်းဂုဏ်ပြုလက်မှတ်များ ချီးမြှင့်ပေးအပ်ခဲ့ပြီး စုပေါင်း၍ အမှတ်တရမှတ်တမ်းဓာတ်ပုံများ ရိုက်ကူးခဲ့ကြသည်။
အဆိုပါအခမ်းအနားသို့ အ.လ.က(ခွဲ)ကျောင်းအုပ်ဆရာမကြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးအရာရှိနှင့် ဆရာမများ၊ ကျောင်းသား/သူများနှင့် မိဘများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဆန်းကိုကို(ပြန်/ဆက်)