လမ်းမတော် ဇန်နဝါရီ ၁၂
Chinese Enterprise Chamber of Commerce in Myanmar (CECCM) ဥက္ကဋ္ဌ Mr.Liu Ying နှင့် အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ Hubei ပြည်နယ်နှင့် မြန်မာနိုင်ငံတို့ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန်အတွက် Hubei-Myanmar Business Promotion Conference ကျင်းပရေးနှင့် စပ်လျဉ်း၍ ဇန်နဝါရီလ ၉ ရက်နေ့တွင် ကုန်သည် စက်မှုအသင်းချုပ်ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းနှင့် တာဝန်ရှိသူများအား Virtual Meeting ဖြင့် တွေ့ဆုံဆွေးနွေးခဲ့သည်။
Hubei-Myanmar Business Promotion Conference ကို ယခုနှစ် ဇန်နဝါရီလကုန်တွင် ကျင်းပမည် ဖြစ်ရာ ကုန်သည်စက်မှုအသင်းချုပ်မှ စီးပွားရေး လုပ်ငန်းရှင်များနှင့် အသင်းအဖွဲ့ များအား ဖိတ်ကြားပေးနိုင်ရေး၊ လယ်ယာစိုက်ပျိုးရေးကဏ္ဍ၊ ကားပစ္စည်းများ ထုတ်လုပ် တပ်ဆင်ရေး ကဏ္ဍမှ လုပ်ငန်းရှင်များနှင့် တိုက်ရိုက်တွေ့ဆုံ ဆွေးနွေးခွင့် ရရှိမည့်အပြင် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြားသော လုပ်ငန်းကဏ္ဍ အများအပြားလည်း ပါဝင်မည်ဖြစ်သည်။ ယင်းပွဲမှ တစ်ဆင့် စီးပွားရေးကုန်သွယ်မှု မြှင့်တင်ရေးအတွက် အခွင့် အလမ်းများ တိုက်ရိုက် ရရှိနိုင် ရေးနှင့် Hubei-Myanmar ကုန်သွယ်မှုကဏ္ဍ မြှင့်တင်ရေး တို့ကို ဆွေးနွေး ခဲ့ကြသည်။
အစည်းအဝေးသို့ ကုန်သည်စက်မှုအသင်းချုပ်ဥက္ကဋ္ဌ ဦးဇော်မင်းဝင်း၊ ဒုတိယဥက္ကဋ္ဌ ဦးသိန်းဟန်၊ အထွေထွေအတွင်းရေးမှူးချုပ် ဦးအေးဝင်း၊ တွဲဖက် အထွေထွေအတွင်းရေးမှူး ဒေါက်တာဝင်းစည်သူတို့ တက် ရောက်ခဲ့ကြပြီး CECCM ဥက္ကဋ္ဌ Mr.Liu Ying ၊ Executive Vice Chairman - Mr.Luo Jun တို့ တက်ရောက်ဆွေးနွေးကြမည် ဖြစ်ကြောင်း သိရသည်။
ကျော်ဆန်းမြင့် လမ်းမတော် (ပြန်/ဆက်)