သင်္ဃန်းကျွန်း မတ် ၁၈
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ အဆင့်မြင့်ပန်းချီရေးဆွဲနည်းသင်တန်းအား ယမန်နေ့ နံနက်ပိုင်းက ဆက်လက်သင်ကြားလျက်ရှိသည်။
အဆင့်မြင့်ပန်းချီရေးဆွဲနည်း သင်တန်းအား သင်္ဃန်းကျွန်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကြီးမှူးကျင်းပပြီး အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ နွေရာသီတွင် ကျောင်းပိတ်ရက်၌ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန် စဥ်းစားတွေးခေါ်နိုင်စွမ်းမြင့်မားလာစေရန် ပန်းချီပညာအားစိတ်ပါဝင်စားလာစေရန် ရည်ရွယ်ဖွင့်လှစ်ရခြင်းဖြစ်သည်။
နည်းပြဆရာမမေ (ရန်ကုန်) က ယနေ့တွင် မျဥ်းကွေးအသုံးပြုနည်းနှင့် သက်ဆိုင်သည့် ပန်းအိုးပုံ၊ ရေနွေးအိုးပုံ၊ အမျိုးသား/ အမျိုးသမီးပုံတို့အား ကလေးငယ်များ စိတ်ပါဝင်စားစွာ ရေးဆွဲခဲ့ကြသည်။ သင်တန်းအား မတ်လ၁၆ ရက်နေ့မှ မတ်လ၂၃ ရက်နေ့ထိ (၇) ရက်ကြာ ဆက်လက်သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။
ဇော်မိုး