ကွမ်းခြံကုန်း မတ် ၁၈
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီး ဝန်ကြီးများသည် ယမန်နေ့ နံနက်ပိုင်းက တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၊ Seeder ဖြင့် စိုက်ပျိုးထားသည့် နွေးစပါးနှင့်ကျောင်းသား၊ ကျောင်းသူများ၏ ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ်များအား အေးချမ်းစွာဖြေဆိုနေမှုကို လှည့်လည်ကြည့်ရှုအားပေးသည်။
ဦးစွာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အဖွဲ့သည်တွံတေးခရိုင် ကွမ်းခြံကုန်းမြို့နယ် ဝါးကောက်တောကျေးရွာအုပ်စု ဝါးကောက်တောကျေးရွာ၊ ကွင်းအမှတ် ၃၆၃-A တောင်သူ ဦးခင်မောင်အေး၏ လယ်မြေတွင် Seeder ဖြင့် စိုက်ပျိုးထားသည် နွေးစပါးစံပြကွက်အောင်မြင်ဖြစ်ထွန်းမှုအား ကြည့်ရူခြင်းနှင့် ကွမ်းခြံကုန်းမြို့နယ်အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ်များ ဖြေဆိုနေကြသည့် ကျောင်းသား၊ ကျောင်းသူများအား လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ကျောင်းသား၊ ကျောင်းသူများ စာမေးပွဲအေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် ကျောင်းပြင်ပများတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးချန်ဖီယာန်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ သက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ယဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီအဖွဲ့များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်းဆောင်ရွက်ကာ စနစ်တကျစောင့်ကြပ်ပေးလျက်ရှိကြောင်း သိရှိရပါသည်။
ဆွေနွယ် (ပြန်/ဆက်)